စလင်း စက်တင်ဘာ ၂၉
မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုန့်ဟင်းခါးကျွန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ တွင် စက်တင်ဘာလ(၂၉)ရက် နေ့၊ မွန်လွှဲ(၂)နာရီအချိန်က မီးလောင်မှုဖြစ်ပွား ခဲ့ရာ လူနေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဖြစ်စဉ်မှာ အဆိုပါ မီးလောင်မှုအား စတင်ဖြစ်ပွားသည့် နေအိမ်၌ နေထိုင် သူများ မရှိခိုက် မွန်လွှဲ(၂)နာရီ အချိန်တွင် မီးစတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ဘေးဝန် ကျင်ရှိ လူနေအိမ်(၂)လုံးပါး မီးကူးစက်လောင်ကျွမ်းခံရ ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ အကြောင်းကြားချက်အရ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဆင်ဖြူကျွန်း မီးသတ် ဦးစီးဌာနတို့မှ မီးသတ်ယာဉ်(၆)စီး၊ သန္ဓေမီးသတ် (၂၀)ဦး၊ အရန်မီးသတ် (၃၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အချိန်မီ ရောက်ရှိလာခဲ့သဖြင့် (၂)နာရီ (၁၅)မီနစ်တွင် မီးငြိမ်းသတ် နိုင် ခဲ့ကြောင်း၊မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်အား စုံစမ်း ဆဲဖြစ်ကြောင်းနှင့် လူနှင့် တိရစ္ဆာများ သေဆုံး မှုမရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
MOI Webportal Myanmar
No comments:
Post a Comment