Tuesday, January 24, 2017

သမ္မတ Trump ရဲ့ “America First” မူဝါဒ မြန်မာအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ

ကျော်ကျော်သိန်း

TPP စာချုပ်မှ အမေရိကန်နုတ်ထွက်ကြောင်း အမိန့်ကို လက်မှတ်ရေးထိုးနေသည့် သမ္မတ Donald Trump ။ ဇန်န၀ါရီ ၂၃၊ ၂၀၁၇။

မျှဝေပါ

အမေရိကန်သမ္မတသစ် Donald Trump က “America First” အမေရိကန်ပြည်ထောင်စုအတွက် အရင်ဆုံး ဦးစားပေးစဉ်းစားမယ့် မူဝါဒတွေကို ချမှတ်ကျင့်သုံးသွားမယ့် သဘောထားမျိုး သူ့ရဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

ဒါကြောင့်လဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လှုပ်ခတ်မှုတွေရှိနေပြီး အမေရိကန်အစိုးရသစ်ရဲ့ ခြေလှမ်းတွေကို အထူးသတိထား စောင့်ကြည့်နေကြပါ တယ်။

မြန်မာနိုင်ငံလို ဒီမိုကရေစီကို အခုမှ အစပျိုး အခြေတည်နေရတဲ့ နိုင်ငံတခု အနေနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်ထောက်ခံ အားပေးမှု၊ အထူးသဖြင့် အမေရိကန်လို ကမ္ဘာ့ ဒီမိုကရေစီ ထိပ်တန်းနိုင်ငံကြီးရဲ့ မပြတ်အာရုံစိုက်မှု လိုအပ်နေဆဲအချိန်မှာ အစိုးရသစ်ရဲ့ အခုသဘောထားက တစုံလုံးအနေနဲ့ ဘယ်လောက်ထိ ရိုက်ခတ်လာနိုင်ခြေရှိသလဲ ဆိုတာ မြန်မာ့အရေး လေ့လာသုံးသပ် သူတွေဖြစ်တဲ့ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာရန်မျိုးသိန်းတို့နဲ့အတူ မြန်မာ့အရေးနဲ့ ထိစပ် နေသူတွေရဲ့ အမြင်တွေကို ဆွေးနွေးထားကြပါတယ်။

No comments:

Post a Comment