Tuesday, February 13, 2018

ဗုံးသီးဟောင်း တစ်လုံး ပေါက်ကွဲ ပြီး ကလေးနှစ်ဦး ဒဏ်ရာရ

ဗုံးစထိမှန်ပြီး ဒဏ်ရာတွေရရှိ။  ။ ဓါတ်ပုံ - Central News Bureauနေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ ဘုန်းကြီးလှို (ကြပ်မြှောင်)ကျေးရွာတွင်  ဖေဖော်ဝါရီ ၁၃ ရက်နေ့  ယနေ့ နံနက် ၈ နာရီခန့်က ဗုံးသီးဟောင်း တစ်လုံး ပေါက်ကွဲ ပြီး ကလေးနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါကျေးရွာနေ ဦးအောင်ဇော်လွင် သားဖြစ်သူ အသက် ၁၀နှစ် ရှိသော မောင်ကံထူးမောင်သည် တောတွင်းတစ်နေရာမှ ကောက်ယူခဲ့သော (၄၀ မမ) ဗုံးသီးဟောင်းတစ်လုံးအား မီးလှုံနေသူ ဦးဖိုးဖြူ၏သား မောင်ဝေယံဟိန်း အသက်တစ်နှစ်ခွဲအား ပွေ့ချီထားသည့် ဦးသန်းထွန်း၏ သမီးဖြစ်သူ မပြည့်ဖူးခိုင် အသက် (၁၃) နှစ်တို့ မီးလှုံနေစဉ် ရုတ်တရက် မီးဖိုအတွင်းသို့ ပစ်ပေါက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် မပြည့်ဖူးခိုင်တွင် ယာဘက်ခြေဖနောင့်နှင့် ခါးဆစ်တို့တွင် လည်းကောင်း၊ မောင်ဝေယံဟိန်း တွင် နဖူးနှင့် ဝဲဘက်ချိုဇောင်း တို့တွင်လည်းကောင်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည့် အတွက် တောင်ညိုတပ်မတော် (၂၅)ကုတင်ဆံ့ဆေးရုံ၌ ဦးစွာဆေးကုသမှု ခံယူခဲ့ပြီး နံနက် ၉ နာရီတွင် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံသို့ ပြောင်းရွှေ့ ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ဥတ္တရခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar

No comments:

Post a Comment