ရဲတပ်သားအချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား
By ဒီဗွီဘီ 8 September 2016 Print
ဖြူးမြို့နယ် ၁၁၅ မိုင်ရဲကင်းမှာ ရဲအချင်းချင်း ဓားထိုးမှု စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားပုံမှာ ဖြူးမြို့နယ် မင်းဂံရိုးကျေးရွာအုပ်စု ၁၁၅ မိုင် ရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားနေလင်းထက်နဲ့ ရဲတပ်သားအောင်ဖြိုးလွင်တို့ ရဲကင်းမှာထမင်းအတူချက်စားရာ ငွေကုန်ကြေးကျများနေတာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၆ ရက်နေ့ ညဦးပိုင်းက စကားများ ခဲ့ကြပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ မနက် ၃ နာရီအချိန်လောက်မှာ ရဲတပ်သား နေလင်းထက် အိပ်ပျော်နေစဉ် ရဲတပ်သားအောင်ဖြိုးလွင်က ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တဲ့အတွက် တပ်သား နေလင်းထက်မှာ ယာဘက်နံရိုးထိုးသွင်းဒဏ်ရာ တချက်၊ မေးစေ့အောက် ပြတ်ရှဒဏ်ရာ တချက် ရရှိခဲ့ပြီး မနက်၃နာရီခွဲအချိန်မှာ ဖြူးဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူနေကြောင်း သိရှိရ ပါတယ်။
ပြစ်မှုကလည်း ထင်ရှားနေတယ်။ တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်နေတဲ့အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့အတွက်ကို သက်ချုပ်စစ်ဆေးနေတယ်လို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း – ကိုသားကြီး
No comments:
Post a Comment