Wednesday, March 21, 2018

လားရှိုးမြို့ရှိ တည်းခိုရိပ်သာတွင် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုမှာ ဆီဒိုရာကာမဆေးကြောင့်ဟု ပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း၊ ယင်းဆေးဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ တာဝန်ရှိသူများက ငြင်းဆို


ယင်းဆေးသည် မြန်မာနိုင်ငံ FDA ခွင့်ပြုချက်ရထားသည့် ဆေးဖြစ်ကြောင်း၊ ယင်းဆေးကြောင့် သေဆုံး သည် ဆိုသည်မှာလည်း မဟုတ် မှန်ကြောင်း၊ မိမိတို့စုံစမ်းပြီးဖြစ်ကြောင်း ယင်း ဆီဒိုရာဆေးကို ဖြန့်ဖြူး

ရောင်းချသည့် ကုမ္ပဏီ တာဝန်ရှိသူကို The Ladies က ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။

 

"ဆီဒိုရာက အဓိက Sildenafil Citrate အမျိုးအစား ဖြစ်ပါတယ်၊ သက်ကြီးရွယ်အိုတွေအတွက် လေဖြတ်ရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ ၊ ဆီးနှင့်ဆီးလမ်းကြောင်းရောဂါ ၊ အဆုတ်သွေးလွှတ်ကြောအတွင်း သွေး ဖိအားများရောဂါ များအတွက် သုံးတာပါ။ နိုင်ငံတကာမှာ ဒီဆေးရဲ့ Chemical နဲ့ ဒီရောဂါတွေကို ကုသနေကြပါတယ်၊ ဆရာဝန် ညွှန်ကြား ချက်နဲ့ သုံးစွဲခွင့်ပြုထားတဲ့ ဆေးပါ" ဟု ယင်းဆေးဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတာဝန်ရှိသူက ပြောဆိုသည်။

 

တရားမ၀င် လူမှုကွန်ရက် သတင်းစာမျက်နှာတွင် အဆိုပါ အမျိုးသား သည် ဆီဒိုရာကာမဆေးပြားများ သောက်၍ ချစ်တင်းနှောနေချိန် တွင် သေဆုံးခဲ့သည်ဟု ဖော်ပြမှုများရှိခဲ့သည်။ သွားရောက် စစ်ဆေး ခဲ့သည့် လားရှိုးမြို့မ ရဲစခန်း တာဝန်ရှိသူကလည်း ယင်းအမျိုးသား သေ ဆုံးချိန်တွင် မည့်သည့်ဆေးပြားမှ မတွေ့ပါဟု ဆိုသည်။

 

“ကျွန်တော်တို့ သွားစစ်တဲ့အချိန်မှာ ဘာဆေးကတ်မှ မတွေ့ဘူး။ စစ်တဲ့အချိန်မှာ ပုံမှန်ပြင်ပ လက္ခဏာတွေ ဘာတွေတော့ ဘာမှ ထူးထူးခြားခြား တွေ့တာမရှိဘူး။ ဘာဒဏ်ရာမှလည်း မရှိပါဘူး” ဟု လာရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Ladies ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

 

“ကျွန်တော်တို့သွားတော့ ဆီဒိုရာတော့ မတွေ့ဘူး ၊ ဆေးနဲ့ ပတ်သက် တာတော့ မတွေ့ဘူး။ ဘီယာပုလင်းတော့ ၂ လုံးလောက် သောက် ထားတာ တွေ့တယ်” ဟု အမျိုးသား၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ပေးရန် သွားရောက် ကူညီခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက The Ladies သို့ ပြောသည်။

 

သတင်း - TT

The Ladies News

No comments:

Post a Comment