Thursday, September 29, 2016

ဗဟန်းမြို့ နယ်မှာ ပါးစပ်ကို အဝတ်ဆို့  လည်ပင်းညုစ်သတ်မှု ယနေ့ တရားစွဲတင်ပို့ ပြီ



ရန်ကုန် စက်တင်ဘာ ၂၉

ပါးစပ်ထဲအ၀တ်ဆို့ ပြီးလည်ပင်းညှစ်အသတ်ခံရတဲ့ဗဟန်းမြို့ နယ်နေအိမ်အတွင်း အမျိုးသမီး သတ်ခံရမှူနဲ့ ဖမ်းစီးထားသူကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ ကစစ်ဆေးခဲ့ပြီး ယနေ့ခရိုင်တရားရုံးကိုတရားစွဲဆို တင်ပို့ပါတယ်။

ယခုအမှုနဲ့ စွပ်စွဲခံရသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်ကို ဗဟန်းရဲစခန်းက အနောက်ပိုင်းခရိုင်တရားရုံးကို ယနေ့တရားစွဲတင်ပို့တာဖြစ်ပါတယ်။

သည်အမှုကိုရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ရာဇ၀တ်ကြီးအမှုအမှတ် ၁၁၄/၂၀၁၆နဲ့လက်ခံပြီးဒုတိယခရိုင် တရားသူကြီး ၁ တရားခွင်မှာလက်ခံစစ်ဆေးသွားမှာဖြစ်ပါတယ်။

လာမယ့်စက်တင်ဘာလ ၇ ရက်နေ့မှာ တရားလိုဖြစ်သူကို စတင်စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Kumudra

No comments:

Post a Comment