Sunday, October 16, 2016

ကျောင်း ဆရာ/ ဆရာမ ၂၅ ဦးပျောက်ဆုံးနေဆဲဖြစ်

Photo – Kyaw Min Aung

အောက်တိုဘာ၊ ရန်ကုန်၊ ဟုမ္မလင်းမြို့ကနေထွက်ခွာလာတဲ့အမြန်ရေယာဉ်တစ်စင်း နစ်မြုတ်မူ့အထဲမှာ သီတင်းကျွတ်ကျောင်းပိတ်ရက်အိမ်ကိုပြန်လာတဲ့ မူလတန်းကျောင်းအုပ် ဆရာမကြီးတစ်ဦး အပါအ၀င်ကျောင်းဆရာ၊ဆရာမဦးရေ(၅၀)ကျော်ပါဝင်လာပြီး၊(၂၅)ဦးကတော့ ခုချိန်ထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကနီမြို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ထံကနေသိရပါတယ်၊၊

အောက်တိုဘာ(၁၅)ရက်နေ့ကဟုမ္မလင်းမြို့ကနေမုံရွာမြို့ကိုထွက်ခွာလာတဲ့ရေယာဉ်ဟာ၊ကနီမြို့နယ်မိချောင်းတွင်းကျေးရွာအနီ၊းချင်းတွင်းမြစ်အတွင်းမနက်ငါးနာရီကျော်အချိန်မှာနစ်မြုတ်ခဲ့တာဖြစ်ပါတယ်၊၊

ကနီမြို့တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆရာမတွေက အခါကြီးရက်ကြီးမှာမိသားစုဝင်တွေကို ကန်တော့ဖို့ပြန်လာကြတာလို့ပြောတယ် တစ်ချို့ ကအုပ်စုလိုက်ပြန်လာကြတာရေယာဉ်အတွင်း ခန်းတွေကနေလိုက်ပါလာကြတာပါ မနေ့ကကျွန်တော်သွားတွေ့တဲ့ဆရာမဆိုရင် (၇)ယောက်အုပ်စုမှာသူတစ်ယောက်ထဲအသက်ရှင်ကျန်နေတာလို့ပြောတယ်   “လို့ပြောပါတယ်၊၊

လိုက်ပါစီးနင်းလာသူတွေရဲ့ပြောပြချက်အရ ရေယာဉ်ပေါ်မှာလူဦးရေ သုံးရာကျော်တင်ဆောင်လာတယ်လို့ပြောဆိုနေကြပါတယ်၊၊အသက်ရှင်ရက်ကယ်တင်နိုင်သူ(၁၅၄)ဦးသာကယ်တင်နိုင်ခဲ့ပြီးလူဦးရေတစ်ရာကျော်ဟာရေယာဉ်နဲ့အတူနစ်မြုတ်ခဲ့ပြီးရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။

ပျောက်ဆုံးနေတဲ့သူတွေရဲ့မိသားစုဝင်တွေ ဟာသူတို့ရဲ့သားသမီးအလောင်းတွေပြန်ရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကယ်ဆယ်ရေးစခန်းတွေကနေ စောင့်နေကြတယ်လို့ပျောက်ဆုံးနေတဲ့ သူတွေထဲမှာ ပါဝင်ခဲ့တဲ့ကျာင်းဆရာကိုသီဟအောင်ရဲ့အဒေါ်ဖြစ်သူဒေါ်ရီရီမြင့်တယ်၊၊

သူက   “မမတို့တူလေးကမော်တော်ထဲမှာနစ်နေတယ်ဆိုတော့ အလောင်းပြန်လိုချင်လို့မျှော်လင့်ချက်ကလေးနဲ့စောင့်နေတာပါ ။သူနဲ့အတူကျောင်းသူကလေးမလေးသုံးယောက်ပါပါသွားတာသူနဲ့အတူရေယာဉ်အတွင်းခန်းထဲမှာပိတ်မိနေမှာ ဆိုပြီးမိသားစုတွေကစောင့်နေကြတယ် မော်တော်ကြီးကိုကရှာမရသေးတာလို့ပြောတယ် ရေငုတ်အဖွဲ့တွေက လာနေပြီပြောတာပဲ”လို့ပြောပါတယ်၊၊

ပျောက်ဆုံးနေတဲ့ပညာရေးဝန်ထမ်းတွေထဲမှာနေ့စားဝန်ထမ်းကျောင်းဆရာဆရာမတွေလည်းပါဝင်နေတယ်လို့ ကင်းရွာဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းကနေ သမီးဖြစ်သူရဲ့ရုပ်အလောင်း ကိုပြန်ရဖို့ စောင့်ဆိုင်း နေတဲ့ဒေါ်လေးလေးကပြောပါတယ်၊၊

မုံရွာမှာနေထိုင်တဲ့ဒေါ်လေးလေးက သမီးဖြစ်သူနေ့စားပေးကျောင်းဆရာမကို ကျောင်းပိတ်ရက်မှာ အတူပြန်ဖို့သွားရောက်ခေါ်ယူပြီးအပြန်မှာရေယာဉ်နစ်မြုတ်တဲ့အထဲမှာပါဝင်ခဲ့ပေမယ့် သူကတော့အသက် ရှင်လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊

သူက”စမှောက်တဲ့အချိန်မှာသမီးနဲ့အတူလက်တွဲထားတာလေ ကုန်းပတ်ကြီးထဲရေ၀င်လာတဲ့ချိန်မှာပဲတစ်ခါတည်းမှောက်သွားတာပါ ပြီးတော့လူချင်းကွဲသွားတာ သေစာရင်းထဲမှာလဲမပါတော့ အလောင်း လေးပြန်ရရင်တော်ပြီဆိုပြီးအိမ်မပြန်ပဲစောင့်နေတာ”လို့ပြောပါတယ်၊၊

အမြန်ရေယာဉ်နစ်မြုတ်မူ့မှာပညာရေးဌာနက၀န်ထမ်းတွေအပြင်၊မုံရွာတက္ကသိုလ်ကဆရာ၊ဆရာမတွေ၊ကျန်းမာရေးဝန်ထမ်းတွေပါဝင်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ပေးနေတဲ့သူတွေထံကသိရပါတယ်၊၊

မနေ့က ရုပ်အလောင်း(၄)ဦးဆယ်ယူရရှိထားပြီး၊သည်ကနေ့နေ့လည်ပိုင်းမှာအမျိုးသမီးအလောင်း တစ်လောင်းဆယ်ယူထားပါတယ်၊၊ရုပ်အလောင်းပိုင်ရှင်ရဲ့နာမည်ကိုတော့သိရှိထားတာမရှိသေးဘူးလို့ကယ်ဆယ်ရေးစခန်းအနီးရောက်ရှိနေတဲ့လွတ်တော်ကိုယ်စားလှယ်ကဆိုပါတယ်၊၊

ရေယာဉ်နစ်မြုတ်တဲ့နေရာကို မြို့နယ်တာဝန်ရှိသူတွေ၊မီးသတ်တပ်ဖွဲ့တွေ ။စေတနာရှင်တွေက၀ိုင်းပြီးကူညီပေးနေပြီးကင်းရွာဘုန်းကြီးကျောင်းမှာတော့ပျောက်ဆုံးနေတဲ့သူတွေရဲ့ရုပ်အလောင်းကိုသယ်ယူဖို့စောင့် ဆိုင်းနေတဲ့မိသားစုဝင်တွေကိုနေရာချထားပေးတယ်လို့သိရပါတယ်၊၊

ချင်းတွင်းမြစ်အောက်ကြမ်းပြင်မှာနစ်မြုတ်နေတဲ့ ရေယာဉ်ကိုဆယ်ယူဖို့ ရေယာဉ်ရှာဖွေတဲ့ကရိန်းယာဉ်တွေ၊ရေငုတ်တဲ့အဖွဲ့တွေနဲ့ ရှာဖွေနေတဲ့နေရာတွေမှာမိသားစုဝင်တွေကစောင့်ဆိုင်းနေကြသလို ခုချိန်ထိရေယာဉ် ကိုဆယ်ယူဖို့ ပြင်ဆင်နေတာတွေမတွေ့ရသေးဘူးလို့စောင့်ဆိုင်းနေတဲ့မိသားစုဝင်တွေကပြောပါတယ်၊၊

သူက” မော်တော်ရှာဖွေမယ့်ရေငုတ်အဖွဲ့တွေက ခုမှမဲနယ်ရွာကိုရောက်သေးတာ သည်နေ့ရေထဲကဆယ်ရတဲ့အလောင်းတွေတောင် မျက်နှာတွေယောင် နေတာဆိုတော့ အသက်ရှင်ရက်ပြန်တွေ့ဖို့ဆို တာမဖြစ်နိုင် တော့ဘူး ‘’လို့ပြောပါတယ်၊၊

Author – အေးအေးအောင်

 

 

2.69k

Related Posts

ကရင်ပြည်နယ်အတွင်း မြဝတီချစ်ကြည်ရေးတံတားမှအပ ကျန်တံတားတွေ ၂၄ နာရီဖွင့်မည်

ကျေးရွာနေလူထုရဲ့ ကျန်းမာရေး၊ စီးပွားရေးတိုးတက်အောင်လုပ်ပေးတဲ့ မြန်မာပြည်ရောက် ဂျပန်ဆရာဝန်တစ်ဦး

ပုဂံကို ယူနက်စကို တင်သွင်းဖို့  ဘယ်လိုဆောင်ရွက်မလဲ

အင်းဝမြို့ဟောင်းမှာ မြစ်ရေဝင်ရောက်မှု အရင်နှစ်တွေထက်ပိုဟုဆို

မိုဘိုင်းလ်ဖုန်း အသုံးပြုကျန်းမာရေးမြှင့်တင်ရေး စတင်ဆောင်ရွက်နေ

ကြော်ငြာ-၁

Information

No comments:

Post a Comment