မောင်တောတိုက်ခိုက်မှု အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့ လက်ချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
By
No.1242 Saturday, October 15, 2016
ဝါးပိတ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုသည် RSO အကြမ်းဖက်အဖွဲ့နှင့်ဆက်နွှယ်သော အကာလ်မူလ် မူဂျာဟီဒင်န်(Aqa Mul Mujahidin)အဖွဲ့၏ လက်ချက်ဖြစ်ပြီး မောင်တောဒေသကို ခြေကုပ်ယူကာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအဖွဲ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက် ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်းရယူကာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ၏ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆တွင် ဖော်ပြထားသည်။
ပြည်ပမှအစွန်းရောက်ပုဂ္ဂိုလ်များက ကူညီခဲ့
အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့ကို ဦးဆောင်သူမှာ မောင်တောမြို့နယ် ကျောက်ပြင် ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တစ်ဦး ဖြစ်သည့် အသက်(၄၅) နှစ်ခန့်ရှိ သော ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန် များထံ ခြောက်လသင်တန်းတက် ရောက်ခဲ့သူဖြစ်သည်။ တူဟာရ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္က နော့ဖ်အနီးရှိ ကျေးရွာတစ်ရွာ တွင်လည်း သွားရောက်နေထိုင် လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများရယူနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
၎င်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသူများသည် ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် နေထိုင်ပြီး မောင်တောဒေသရှိ ငါးခူရကျေး ရွာသို့ ရောက်ရှိနေသော ပါကစ္စ တန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခ သည်စခန်းတွင်နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည်စခန်းတွင် နေ ထိုင်သော ဇူဘိုင်၊ အစ္စလာမ် ဆို သူအပါအ၀င် ၁၂ ဦးဖြစ်သည်။ ခါလစ်သည် ပါကစ္စတန်နိုင်ငံ တွင် အကြမ်းဖက်သင်တန်းတက် ရောက်ထားသူဖြစ်ပြီး မြန်မာ၊ ဘင်္ဂါလီ၊ ရခိုင်၊ မလေး၊ ပါကစ္စ တန်နှင့် အင်္ဂလိပ်ဘာသာစကား များကို ကျွမ်းကျင်စွာပြောဆို နိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော ငါးလခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင် တောဒေသသို့ ၀င်ရောက်လာပြီး ဟာဗစ်တူဟာရ် စည်းရုံးထား သော ဒေသနေအစွန်းရောက်လူ ငယ်များအား အကြမ်းဖက်သင် တန်းများပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဟာဗစ်တူဟာရ်၏ အစ်မ လေးဦးနှင့် အစ်ကိုတစ်ဦးတို့မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း အစိုးရ ကဖော်ထုတ်သည်။
ဖမ်းဆီးရမိသော အကြမ်းဖက်သမားနှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်လွှဲပြောင်းပေး ခဲ့သည့် အကြမ်းဖက်သမားနှစ်ဦး တို့ကို ပဏာမစစ်ဆေးဖော်ထုတ် ချက်အရ မောင်တောမြို့နယ်အ တွင်း ဖြစ်ပွားလျက်ရှိသော အ ကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်း များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် အ ချိန်ယူကာ စနစ်တကျကြိုတင် ဆောင်ရွက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်းအစိုး ရက ဆိုသည်။
အကြမ်းဖက်တိုက်တိုက်မှု၏ ရည်ရွယ်ချက်
မောင်တောဒေသကို ခြေကုပ်ယူ ၍ ဘူးသီးတောင်၊ မောင်တောဒေ သကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့အ လယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်း ရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုး မှု အလုံးအရင်းရယူခဲ့ခြင်းဖြစ် ကြောင်း အစိုးရကထုတ်ပြန် သည်။ ငွေကြေးများထောက်ပံ့မှု ပြုရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်းမပြုဘဲ လူပုဂ္ဂိုလ် တစ်ဦးချင်းဆက်သွယ်မှုဖြင့် လျှို့ ၀ှက် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း အစိုးရက ဖော်ထုတ်ရရှိ ခဲ့သည်။ မောင်တောဒေသအ ကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် သည် ယင်းဒေသတွင်အများစု ရောက်ရှိနေထိုင်လျက်ရှိသော အ စ္စလာမ်ဘာသာဝင်များအတွင်းအ စွန်းရောက်အကြမ်းဖက်ဝါဒတိုး မြင့်လာစေရန် အချိန်ယူ၍စည်းရုံး သိမ်းသွင်းဆောင်ရွက်ခြင်းဖြစ် သည်ဟု စစ်ဆေးဖော်ထုတ်ရရှိခဲ့ သည်။
အကြမ်းဖက်တိုက်ခိုက်ရန် ကြိုတင်လေ့ကျင့်မှု
ဟာဗစ်တူဟာရ်နှင့်အဖွဲ့သည် မောင်တောဒေသရှိ အစွန်းရောက်လူငယ်များကို စည်းရုံးသိမ်းသွင်းကာ တောတွင်းနှင့် တောင်ပေါ်လူသူအရောက်အပေါက်နည်းသည့်နေရာများတွင် လည်းကောင်း၊ ငါးခူရအလယ် ကျေးရွာရှိ အဒူရာမန်၏ နေအိမ်ခြံဝင်းအတွင်းလည်းကောင်း၊ ကျောက်ပြင်ဆိပ်ကျေးရွာအနီး တောတွင်းတွင်လည်းကောင်း သေနတ်ပစ်သင်တန်းနှင့် ကိုယ်ခံပညာသင်တန်းများကို တိတ်တဆိတ်သင်ကြားပေးခဲ့ကြောင်း၊ ယင်းနောက်အကြမ်းဖက်တိုက်ခိုက်မှုများဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရက စစ်ဆေးဖော်ထုတ်ခဲ့သည်။
ရဲစခန်း သုံးခုကိုတစ်ပြိုင်နက်ဝင်တိုက်
ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ် မြေစခန်းနှင့် ကိုးတန်ကောက်ရဲ ကင်းစခန်း စုစုပေါင်းသုံးနေရာကို အောက်တိုဘာ ၉ရက် နံနက်က တစ်ပြိုင်နက်တိုက်ခိုက်ပြီး ရဲ တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ကာ လက်နက်များနှင့် ပစ္စည်းများရယူ ရန်၊ ရရှိသည့်လက်နက်များဖြင့် အနီးဝန်းကျင်ရှိတပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများအား ဆက်လက်တိုက်ခိုက်ရန်ဟာဗစ်တူဟာရ်က ညွှန်ကြားထားခဲ့ကြောင်း၊ ၀င်ရောက်တိုက်ခိုက်မှုမပြုလုပ်မီ အဖွဲ့ခေါင်းဆောင်များမှ အကြမ်း ဖက်အဖွဲ့ဝင်များကို တိုက်ခိုက် မည့်အစီအမံကို စနစ်တကျရှင်း လင်းခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်) ကို မာဘူယာဦးဆောင်၍ အကြမ်း ဖက်သမားအင်အား တစ်ရာဦးခန့်ဖြင့်လည်းကောင်း၊ ငါးခူရနယ်မြေစခန်းကို ခါလစ်နှင့် အဒူရာမန်ဦး ဆောင်၍ အကြမ်းဖက်သမား အင်အား တစ်ရာဦးခန့်ဖြင့်လည်း ကောင်း၊ ကြိမ်ချောင်းနယ်မြေစ ခန်းကို ၀ါကဒ်စ်ဦးဆောင်၍ အ ကြမ်းဖက်သမားအင်အား ငါး ဆယ်ဦးခန်ဖြင့် လည်းကောင်း၊ ကျောက်လှေကားနယ်မြေစခန်း ကို အဇာဦးဆောင်၍ အကြမ်း ဖက်သမားအင်အား ငါးဆယ်ဦး ခန့်ဖြင့်လည်းကောင်း၊ ရွက်ညို တောင်နယ်မြေစခန်းကို ရော်ပိုင် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်ဖြင့်လည်း ကောင်း၊ ကိုးတန်ကောက်ရဲကင်း စခန်းကို အဘူကူးမားဦးဆောင်၍ အကြမ်းဖက်သမားအင်အား ၁၂ ဦးခန့်ဖြင့်လည်းကောင်း၊ အကြမ်း ဖက်သမား အင်အား ၄၀၀ ခန့်ဖြင့် နေရာ ခြောက်နေရာကို တစ်ချိန် တည်း၊ တစ်ပြိုင်တည်း အကြမ်း ဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။ သို့သော်လည်း အခြေအ အနေမကောင်း၍ ရဲစခန်းသုံးခုကို သာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ သည်။
မောင်တောဖြစ်စဉ်ဆုံးရှုံးမှု
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆,၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ ၀င်များ၏ ပြန် လည်ခုခံမှုကြောင့် အကြမ်းဖက် သမား ရှစ်ဦး၏ အလောင်းများ ရရှိခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းမိ ခဲ့ကာ ၎င်းတို့ထံမှ လုပ်သေနတ် ပစ္စတို တစ်လက်၊ ကျည်နှစ်တောင့်နှင့် ကျည်အိမ်တစ်ခု သိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက် သမားများ သည် ယူဆောင်သွားသော လက် နက်ခဲယမ်းများနှင့် မောင်တောခ ရိုင်အတွင်း လှည့်လည်သွားလာ၍ အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင်လာခဲ့ရာ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ် ကြောင်းများက အကြမ်းဖက်သ မားများ ခိုအောင်းနေထိုင်ရာဒေသ များတွင် နယ်မြေရှင်းလင်းမှုဆိုင် ရာ စစ်ဆင်ရေးများဆင်နွှဲခဲ့ရာ အ ကြမ်းဖက်သမားများနှင့် မကြာခ ဏထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တပ်မတော် သားငါးဦး အသက်ပေးလှူခဲ့ရ ကြောင်း ထုတ်ပြန်သည်။
ဘာသာရေးအစွန်းရောက်များ ပူးပေါင်းပါဝင်လာစေရန်ဝါဒဖြန့်
အကာလ်မူလ် မူဂျာဟီဒင်န် အဖွဲ့သည် ကမ္ဘာအနှံ့ရှိ အကြမ်း ဖက် တိုက်ခိုက်မှုများတွင် ဆောင် ရွက်လေ့ရှိသည့် နည်းဗျူဟာများ အတိုင်း ပြည်ပငွေကြေးထောက် ပံ့မှု (အရှေ့အလယ်ပိုင်းရှိ မောင် တောဒေသအနွယ်)၊ အကြမ်းဖက် တိုက်ခိုက်မှု စစ်သင်တန်း (ပါကစ္စ တန်-တာလီဘန်၊ ဘင်္ဂလားဒေ့ရှ် -RSO) စသည်တို့ဖြင့် စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့သော မောင် တောဒေသအတွင်းရှိ အစွန်း ရောက်လူငယ်များကို ဘာသာ ရေးအရ စည်းရုံးဆောင်ရွက်သော နည်းဗျူဟာကို ကျင့်သုံးဖော် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ က ထုတ်ပြန်ထားသည်။
အစ္စလာမ်ဘာသာဝင် အ များစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရ ယူပြီးနောက် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက်လာ စေရန်၊ ပြည်တွင်း၊ ပြည်ပမှ ဘာ သာရေးအစွန်းရောက်များ ပူး ပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်ဒါ၊ ISIS စသည့် အကြမ်းဖက်အဖွဲ့အ စည်းများ၏ နည်းနာအတိုင်း အင် တာနက်နှင့် လူမှုကွန်ရက်များတွင် ဗီဒီယိုဖိုင်များလွှင့်တင်ကာ ၀ါဒ ဖြန့်ချိလျက်ရှိကြောင်း အစိုးရက စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
လွတ်မြောက်နေဆဲ ဟာဗစ်တူဟာရ်
လက်ရှိအချိန်တွင် ဟာဗစ် တူဟာရ် ဦးဆောင်သော အကြမ်း ဖက်အဖွဲ့ငယ်သည် အစွန်း ရောက်အကြမ်းဖက်သမား ၄၀၀ ခန့်ဖြင့် မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အစိုးရ က ထုတ်ပြန်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်၊ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးတာဝန်များ ကို အင်အားအပြည့်အ၀ဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာခ ဏဆိုသလို ထိတွေ့မှုများဖြစ်ပွား လျက်ရှိသည်။ တစ်ချိန်တည်းမှာ ပင် ပြည်တွင်း၊ ပြည်ပရှိ အကြမ်း ဖက်အဆက်အသွယ်များ၊ အ ကြမ်းဖက် အားပေးသူများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိ ပြီး ထပ်မံရရှိသည့် သတင်းအ ချက်အလက်များကို ပြည်သူအ များ သိရှိစေရန် ဆက်လက်ထုတ် ပြန်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ရန် သွေးထိုးလှုံ့ဆော်သူများ ပြင်းပြင်းထန်ထန် အရေးယူမည်
ဖြစ်ပွားနေသော အကြမ်း ဖက်တိုက်ခိုက်မှုများကို အခွင့် ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ နှင့် မတည်မငြိမ်မှုများဖြစ်ပေါ် လာစေရန် သွေးထိုးလှုံ့ဆော်သူ များ၊ သွေးထိုးလှုံ့ဆော်ရန် ကြိုး ပမ်းသူများကိုလည်း ဥပဒေနှင့်အ ညီ ပြင်းပြင်းထန်ထန် အရေးယူ မည်ဖြစ်ကြောင်း အစိုးရက သတိ ပေးသည်။
မောင်တောဒေသ အကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့အ စည်းများ၊ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများ ရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျစီစဉ်ဆောင်ရွက်ခဲ့ သော အကြမ်းဖက်မှုဖြစ်ကြောင်း၊ ထိုအကြမ်းဖက်တိုက်ခိုက်မှုများ သည် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံသူ နိုင်ငံသားများ ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ထိခိုက်ဖျက်ဆီး ရန် ကြိုးပမ်းဆောင်ရွက်လာခြင်း ဖြစ်ကြောင်း အကြမ်းဖက်တိုက် ခိုက်မှုများ၊ အကြမ်းဖက်တိုက် ခိုက်ရန် ကြိုးပမ်းဆောင်ရွက်မှု များ စသည်တို့အားလုံးကို ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အခြား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင် ရာ တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် ကာကွယ်၊ တုံ့ပြန်ချေမှုန်း တိုက်ဖျက်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်မှုသာမက မည်သို့ သော အကြမ်းဖက်တိုက်ခိုက် ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်ခြင်းမှန်သမျှ ကို ထိထိရောက်ရောက် တုံ့ပြန် ချေမှုန်းမည်ဖြစ်ကြောင်း၊အကြမ်း ဖက်သမားများ၏ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများ တိတ်တ ဆိတ် ပံ့ပိုးကူညီသူများ၊ အကြမ်း ဖက်အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်၍ ထိ ထိရောက်ရောက် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ဆက်လက်ဖော်ပြထား သည်။
ပြည်သူတွေ ဘာလုပ်ရမလဲ
နိုင်ငံသူ နိုင်ငံသားများအနေ ဖြင့် လက်ရှိနိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် အခြေအနေ များကို သိရှိနားလည်ပြီး အကြမ်း ဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြု ကြရန်၊ မိမိတို့လူ့အဖွဲ့အစည်းအ တွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ် ခြင်းမပြုကြရန်၊ အခြားဒေသများ သို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွား ခြင်းမရှိစေရေး တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်ပေးကြ ရန် အစိုးရက တောင်းဆိုသည်။
ဘာသာရေး၊ လူမှုရေးခေါင်း ဆောင်များ အနေဖြင့်လည်း ပဋိ ပက္ခများမဖြစ်ပေါ်စေရေး တတ်နိုင်သမျှဝိုင်းဝန်းထိန်းသိမ်းကူညီ ကြရန်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူး ပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ ရန် အစိုးရက မေတ္တာရပ်ခံခဲ့သည်။
No comments:
Post a Comment