Monday, October 17, 2016

မကွေးတံတားပေါ်၌ မိုးခိုနေစဉ် အခင်းကွန်ကရစ်ပြားကျွံကျပြီး ဧရာဝတီမြစ်ထဲပြုတ်ကျ

မကွေး အောက်တိုဘာ ၁၇

မကွေးတံတားပေါ်တွင် မိုးခိုနေစဉ် အခင်း ကွန်ကရစ်ပြားကျွံကျပြီး ဧရာဝတီမြစ်ထဲရှိ ရေလယ်တံတား တိုင်ပေါ်သို့ ပြုတ်ကျမှု အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ပွင့်ဖြူမြို့ စေတဂူကျေးရွာနေ ရာဇာနှင့် မအိအိသွယ်တို့သည် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာမှ မကွေးသို့ ပြန်လာစဉ် မင်းဘူးဘက် ကမ်းအရောက်တွင် မိုးများရွာသွန်း သဖြင့် မကွေးတံတားပေါ်တွင် မိုးခို နေစဉ် အခင်းကွန်ကရစ် ပြားကျွံကျပြီး ရာဇာမှာ ဧရာဝတီမြစ်ထဲပြုတ်ကျခဲ့ သည်။


အဆိုပါနှစ်ဦးအား မကွေးတိုင်း ဒေသကြီးမီးသတ်တပ်ဖွဲ့က ရှာဖွေကယ် ဆယ်ရေးယာဉ် တစ်စီး၊ Ambulance တစ်စီးတို့ဖြင့် ကယ်ဆယ်ခဲ့ပြီး မကွေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ -  ဟင်္သာသတင်းအေဂျင်စီ
ခင်မာလာ(မကွေး)
MOI Webportal Myanmar

No comments:

Post a Comment