ဓာတ်ပုံ- Myo Yan Naung Thein Pageရန်ကုန်၊ နိုဝင်ဘာ ၃
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ၊ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ကိုမျိုးရန်နောင်သိန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း လှိုင်မြို့နယ် ရဲစခန်းထံမှ သိရသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဖမ်းထားပါတယ်။ အသေးစိတ်မသိဘူး။ တာဝန်မှူးလည်း အပြင်သွားနေတော့”ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကိုမျိုးရန်နောင်သိန်းသည် ယနေ့ (နိုဝင်ဘာလ ၃ရက်)တွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးခံရကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်က အထက်ပါအတိုင်း အတည်ပြုဖြေကြားခဲ့ခြင်း ဖြစ်သည်။
သဇင်လှိုင်
No comments:
Post a Comment