အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) ဂျကာတာ ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး အမှတ် (၈၈) အထူးထောက်လှမ်းရေးတပ်ဖွဲ့ သည် အင်ဒိုနီးရှားသမ္မတနန်းတော်ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အကြံဖက်အုပ်စုတစ်ခု နှင့် ပတ်သက်နေသည်ဟု သံသယရှိသူ နှစ်ဦးကို ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်)တွင် ဖမ်းဆီးလိုက်ကြောင်းသိရသည်။
အဆိုပါ သံသယတရားခံ ဇနီးမောင်နှံ နှစ်ဦးကို အနောက်ဂျာဗားပြည်နယ် Tasikmalaya မြို့ ရှိ ၄င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်၌ ဒီဇင်ဘာ၁၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ TS ဟု နာမည်အတိုကောက် မှည့်ခေါ်ထားသော ဇနီးဖြစ်သူမှာ အမျိုးသမီးအသေခံဗုံးခွဲသမား(DYN)တစ်ဦးဖြစ်ပြီး ဂျီဟတ် ဘာသာရေးစစ်ပွဲအတွက် သက်ဝင်ယုံကြည်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ထို့ ပြင် TS သည် အသေခံဗုံးခွဲသမားအဖြစ် စတင်မိတ်ဆက်ဆောင်ရွက်သူ တစ်ဦးလည်းဖြစ်နေပြီး ၄င်းအုပ်စုအတွင်း ပါဝင်သည်ဟု သံသယရှိသူ အခြားတစ်ဦးကို ရဲတပ်ဖွဲ့ က ဒီဇင်ဘာလ ၁ဝ ရက်နံနက်အစောပိုင်းက ဖမ်းဆီးခဲ့သည်။
“ TS ဟာ အင်ဒိုနီးရှားသမ္မတနန်းတော်ကို ဗုံးခွဲဖို့ ကြံစည်နေတဲ့ တက်ကြွလှုပ်ရှားသူတွေထဲမှာပါတဲ့ တစ်ယောက်ပါ ” ဟုအင်ဒိုနီးရှားနိုင်ငံ ရဲဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Boy Rafly Amar က ဆိုသည်။ ၄င်း၏ခင်ပွန်းဖြစ်သူ HG နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။အင်ဒိုနီးရှားရဲတပ်ဖွဲ့ သည် ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက် နှင့် ၁၁ ရက်များတွင် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ၊ လေးဦးမှာ ဂျကာတာမြို့ မှ ဖြစ်ပြီး ၊ သုံးဦးမှာ Klaten နှင့် Ngawi မြို့ များမှ ဖြစ်ကြောင်းသိရသည်။၎င်းသံသယရှိသူများအနက် သုံးဦးမှာ DYN ဖြင့် ဒီဇင်ဘာလ ၁၆ ရက်တွင် သမ္မတနန်းတော်ကို အင်အားပြင်း ဗုံးဖောက်ခွဲရန် ကြံစည်ထားကြောင်းသိရသည်။
(Xinhua)
No comments:
Post a Comment