Friday, December 9, 2016

နိုက်ဂျီးရီးယား၌ အသေခံဗုံးခွဲမှုဖြစ်ပွားရာ ၃၀ ဦးသေ ၆၇ ဦး ဒဏ်ရာရ

အဘူဂျာ၊ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

နိုက်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်း Adamawa ပြည်နယ် ၊ Madagali ခရိုင်ရှိ လူအသွားအလာထူထပ်သော ဈေးတစ်ခု၌ ဒီဇင်ဘာလ ၉ ရက်က အသေခံဗုံးခွဲမှုဖြစ်ပွားရာ လူပေါင်း ၃ဝ ထက်မနည်းသေဆုံးပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသမီးအသေခံဗုံးခွဲသူ နှစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နိုက်ဂျီးရီးယားစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Badare Akintoye က ဆိုသည်။
Madagali ဈေး အစွန်အဖျား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဈေးသည်များ နှင့် ဈေးဝယ်များသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရသူ ၆၇ ဦးကို အစိုးရပိုင် Michika အထွေထွေဆေးရုံသို့ ပို့ ဆောင်၍ ဆေးကုသမှု ပေးထားကြောင်း နိုက်ဂျီးရီးယားနိုင်ငံ အမျိုးသားအရေးပေါ်စီမံခန့် ခွဲရေး အေဂျင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် Sani Datti က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

China Xinhua News

No comments:

Post a Comment