တောင်ကုတ် ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကြိုးကြာကွင်း ကျေးရွာအုပ်စု စေတီ ကုန်းကျေးရွာ အနောက်ဘက် တစ်ဖာလုံ၊ ပတောင်း-တောင်ကုတ် ကားလမ်းဘေး မိုင်တိုင်အမှတ် (၉၈/၁)ဘေး တောင်ကုန်းပေါ်တွင် ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီက သံတွဲ အခြေစိုက် မြန်မာ့ထူးစံကုမ္ပဏီမှSCar Show Room ဆောက်လုပ်ရန် မြေတူးနေစဉ် မြေအနက် ၁ဝ ပေခန့်တွင် အလျား သုံးပေ၊ အချင်း ရှစ်လက်မရှိပြီး ဒလက်မပါရှိသည့် မပေါက်ကွဲသေးသော ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါဗုံးသည် ဒုတိယက္ဘာစစ်လက်ကျန် လေယာဉ်ပစ်ဗုံးသီးဟု ယူဆရကြောင်း နယ်မြေခံတပ် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးငြိမ်းသူ ဦးစီးအဖွဲ့ လာရောက်စစ်ဆေး ခဲ့ပြီး လုပ်ထုံးလုပ်နည်းအရ အ္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်ရင်းသို့ ယူဆောင်သွားကြောင်း သိရသည်။
မြတ်ဝေ
MOI Webportal Myanmar
No comments:
Post a Comment