မူဆယ် ဖေဖော်ဝါရီ ၂၆ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်တွင် ဒေသန္တရလက်လုပ်မိုင်း(၂)လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မိုင်းယု(၁၀၅)မိုင်ကျေးရွာ ကမ္ဘောသိင်္ဂိ သီလရှင်ကျောင်းအောက်နယ်မြေ(၃)လမ်းထောင့်တွင် ဖွင့်လှစ်ထားသော 555 ဂိမ်းရုံနှင့် (၁၀၅)မိုင် နယ်မြေ(၃)ဒုတိယလမ်းရှိ ကျန်းချိန်ကိန်းပိုင် တိုက်ခန်းအမှတ်(၂)နှင့်(၄)ကြားတိုက်ခန်း အမှတ်(၃)တွင် ဖွင့်လှစ်ထားသော ဒေါ်အီရင်ပိုင် အသားကင်ဆိုင်ရှေ့တို့တွင် ဖေဖော်ဝါရီ(၂၅)ရက် ည(၁၁)နာရီ တိတိ တွင် ဒေသန္တရ လက်လုပ်မိုင်း(၁)လုံးနှင့် ၁၁ နာရီ ၂ မိနစ်ခန့်တွင် ဒေသန္တရလက်လုပ်မိုင်း(၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲသည့်နေရာသို့ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဒေသန္တရလက်လုပ်မိုင်းဖြစ်ကြောင်း သိရပြီး ပေါက်ကွဲမှုကြောင့် အသားကင်ဆိုင်နှင့် ဂိမ်းဆိုင်တို့တွင် ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-သန့်ဇင်(မူဆယ်)
Myanmar Digital News
No comments:
Post a Comment