Saturday, February 24, 2018

ဆိုင်ကယ်ခိုးယူသူများအား ဖေါ်ထုတ်ဖမ်းဆီး

မိုးကောင်း ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်က ဆိုင်ကယ် ၁၄ စီး ခိုးယူသူ ငါးဦးအား မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက နှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်တော်ဆိုင်ကယ်များပျောက်ဆုံးနေကြောင်း မြို့မရဲစခန်းသို့ တိုင်တန်းထားသဖြင့် နယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး မြင့်ကိုကိုနှင့် တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေဖော်ထုတ်ရာ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက် အတွင်း မိုးကောင်းမြို့ မြို့ဦးရပ်ကွက်နေသူများဖြစ်သည့် ကိုထွေး(ခ)ပြည့်ဖြိုးလင်း ၂ဝ နှစ်၊ နေမင်းထွန်း(ခ)ဂွတ်တီ ၁၉ နှစ်၊ ထွန်းလင်း (ခ)သူရ၊ ကျော်ဆန်း(ခ)မိုးဒီ ၁၉ နှစ်၊ လမင်းထွန်း ၁၇ နှစ်တို့ ငါးဦးအား ခိုးယူထားသည့် ဆိုင်ကယ် ၁၄ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ၍ မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
The Mirror Daily

No comments:

Post a Comment