ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့ မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ကွတ်ခိုင် မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် နှင့် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တို့ အား အမည်စာရင်း တင်သွင်းခဲ့ပြီး စက်ခလုတ်နှိပ် မဲပေးရွေးချယ်ခဲ့ရာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် က လွှတ်တော်၏ ဆန္ဒမဲအရေအတွက် အများဆုံးဖြင့် ရွေးကောက် တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့အတူပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းဟိန် အား ရွေးကောက် တင်မြှောက်ကြောင်း ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်က ၀င်ရောက်ရွေးချယ်ရာမှာ ရွေးချယ်ခံရတဲ့ အတွက် လစ်လပ်ဒုတိယ ဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ်မှုကို ဆက်လက်ပြု လုပ်ခဲ့ရာမှာ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင် (ခေါ် ) ဦးထွန်းထွန်ဟိန် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
The Ladies News
No comments:
Post a Comment