Thursday, March 22, 2018

နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က သမ္မတ ပူတင်ကို အဒေါ့ဖ် ဟစ်တလာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ အပေါ် ရုရှားက ဒေါသတကြီး တုန့်ပြန်

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဘောရစ် ဂျွန်ဆင်ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က သမ္မတ ပူတင်ကို အဒေါ့ဖ် ဟစ်တလာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ အပေါ် ရုရှားက ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။

အဲဒီလို နှိုင်းယှဉ် ပြောဆို ဝေဖန်ချက်တွေဟာ လက်မခံနိုင်စရာဘဲ ၊ မစ္စတာ ဂျွန်ဆင်ဟာ အမုန်းတရား၊ ဒေါသတွေနဲ့ အဆိပ်ခပ် လိုက်တာဘဲလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

ဗြိတိန်က ရုရှားသူလျှိုဟောင်းအဆိပ်ခပ်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတဲ့ ကော်မတီ ရှေ့မှောက်မှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက သူ့ဝေဖန်ချက်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ အိုလံပစ်တုန်းက ဟစ်တလာရဲ့ အနေအထားနဲ့ ပူတင်ကို နှိုင်းယှဉ် ခဲ့တဲ့ အမတ်တယောက်ရဲ့ ပြောကြားချက်ကို သူက ထောက်ခံ လိုက်ပြီး လာမယ့်ဇွန်လ ရုရှားမှာ ကျင်းပမယ့် ကမ္ဘာဖလားပွဲမှာ ဗလာဒီမြာပူတင် အပေါ်ချီးမွှန်း ထောပနာပြုကြမှာကို စိတ်ပျက်မိတယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။

BBC Burmese

No comments:

Post a Comment