Sunday, March 18, 2018

တနင်္ဂနွေနေ့ညက လူစုလူဝေးနဲ့ စခန်းကိုဝိုင်းကာ ထုတ်ပေးဖို့ တောင်းဆိုမှု ဖြစ်ခဲ့တာကြောင့် ရဲက သေနတ် ပစ်ဖောက်ကာ လူစုခွဲ

ဆူပူမှုဖြစ်တဲ့အခါတိုင်း ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချရလေ့ရှိမန္တလေးတိုင်း အောင်မြေသာစံ မြို့နယ် အမှတ် ၄ နယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထားသူ တယောက်ကို မနေ့က တနင်္ဂနွေနေ့ညက လူစုလူဝေးနဲ့ စခန်းကိုဝိုင်းကာ ထုတ်ပေးဖို့ တောင်းဆိုမှု ဖြစ်ခဲ့တာကြောင့် ရဲက သေနတ် ပစ်ဖောက်ကာ လူစုခွဲခဲ့ရပါတယ်။

အမရဋ္ဌာနီအရှေ့ ရပ်ကွက်မှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ကျူးလွန်သူလို့ ယူဆရသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ရာ အဲဒီလူကို ထုတ်ပေးဖို့ လူအုပ်ကြီးက တောင်းဆိုရာက အခုလို ဆူပူမှု ဖြစ်ခဲ့တာပါ။

မတ်လ ၁၅ ရက်နေ့က အသက် ၇နှစ်အရွယ် မိန်းကလေးကို မတော်မတရား ပြုကျင့်မှုနဲ့ မတ်လ ၁၈ ရက်နေ့မှာ မိဘ ဖြစ်သူတွေက အောင်မြေသာစံ အမှတ် ၄ ရဲစခန်းမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ ယူဆရသူကို မတ်လ ၁၈ ရက်ညနေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် လူသုံးဆယ်လောက်က ရဲစခန်းကို ခဲတွေနဲ့ ပစ်ပေါက်ကာ ဖမ်းဆီးထားသူကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူအင်အား များလာကာ အယောက် တရာကျော် အထိ စုဝေးလာတာကြောင့် ရဲတပ်ဖွဲ့က ညပိုင်း အရောက်မှာ သေနတ် ပစ်ဖောက်ကာ လူစု ခွဲခဲ့တယ်လို့ ဒီဖြစ်ရပ်ကို မျက်မြင် တွေ့ခဲ့ရသူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရဲစခန်းကို ဝိုင်းထားတဲ့ လူအုပ်ကြီးဟာ ညဆယ်နာရီ အချိန် အထိ လူစုမကွဲတာကြောင့် ရဲစခန်းရှိရာ လမ်း ၈၀ ၊ ၉လမ်းနဲ့ ၁၀လမ်း တို့ကြားမှာ ရဲ အင်အား အယောက်သုံးဆယ်လောက် ချထားကာ လုံခြုံရေး တိုးမြှင့်ထားခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ရဲက လူနှစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

BBC Burmese

No comments:

Post a Comment