ကျပ်သိန်းပေါင်းတစ်သောင်းခြောက်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများကို ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အငူမော်ကျေးရွာ ရပ်ကျေးစာရေး ကိုအောင်ကျော်က "ဟုတ်ပါတယ်။ ကျွန်တော်တို့ပူးပေါင်းအဖွဲ့နဲ့ ဖမ်းမိတာပါ။ ဟာဉ်မောင်းနဲ့ ဟာဉ်နောက်လိုက်နှစ်ဦးက စစ်တွေကပါ။ အခု စေတီပြင်ရဲစခန်းကို လွှဲပြောင်းပြီးတော့ မူး/စိတ်ဥပဒေအရ ဆက်လက်အရေးယူပါလိမ်မယ်" ဟု အတည်ပြုပြောကြားသည်။
အငူမော်-မောင်တောလမ်းမှာ ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို အမှတ်(၉) အငူမော် စစ်ဆေးရေးဂိတ်မှ စစ်ဆေးနေစဉ် ယင်းမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစိတ်ကြွဆေးဝါးများကို အငူမော်-လောင်းချောင်းလမ်းဆုံတွင် STAREX GRX အမျိုးအစား ယာဉ်အမှတ် 6M 6420 အားစစ်ဆေးစဉ် ခရီးဆောင်အိပ်အတွင်းထည့်ထားသည့် မူးယစ် ဆေးအထုတ်ကြီး ၄၂၉ ထုတ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ဖွင့်ဖောက် စစ်ဆေးခဲ့ရာတွင် ဆေးပြား ၈၁၅၀၀ ပြားအား သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုမူးယစ်ဆေးဝါးနှင့်အတူသိမ်းဆည်းရမိသည့်ယာဉ်တွင် ယာဉ်မောင်းဖြစ်သူ ဦးအောင်နိုင်သူ စစ်တွေမြို့ မင်းဂံရပ်ကွက်နှင့် ယာဉ်နောက်လိုက် ဦးချမ်းငြိမ်း ရွာကြီးမြောက်ရပ်ကွက်တို့ကို လက်ရှိတွင် ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းတွင် စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။
သတင်း၊ ဓါတ်ပုံ - ချလူးအောင်/DMG
Development Media Group
No comments:
Post a Comment