အပြောင်းအလဲကို လူတွေ လိုချင်ကြတယ်။ ဘိုလိုပြောရရင် တော့ change ပေါ့။ အပြောင်း အလဲဆိုတာက ကိုယ်ကပြောင်းတာထက် ပတ်ဝန်းကျင်ကြီး တစ်ခုလုံး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းနေလို့ အဲဒီအပြောင်း အလဲထဲမှာ ရှင်သန်နိုင်အောင် ကိုယ်ကလိုက်ပြောင်းရတာလို့ ဆရာ့ဆရာတွေက ပြောခဲ့ဖူးတယ်။ ကိုယ်က ဦးဆောင်ပြီး ပြောင်းပြနိုင်ရင်တော့ ဆရာပေါ့ ဗျာ။
လူရဲ့စိတ်ကိုက တစ်ခုခုမှာ အခြေကျနေရင် ကြာတော့ အပြောင်းအလဲတစ်ခုခုကိုတောင့် တတတ်တာ ဓမ္မတာပဲ။ အဲဒီ အပြောင်းအလဲဟာ တစ်ခါတ လေကျတော့ နောက်လာတဲ့ မောင်ပုလဲဒိုင်းဝန်ထက်ဆိုတာမျိုး၊ နောက်လာတဲ့သခင်အသစ်က ခေါင်းကို နှစ်ချက်ပိုခေါက် တယ်ဆိုတဲ့ မျောက်ဆုတောင်း မျိုးလဲဖြစ်သွားတတ်တယ်။ ပြောရရင်ဖြင့် အပြောင်းအလဲကို လိုချင်ပေမယ့် ဗလောင်းဗလဲတွေလည်း တွေ့ရတတ်တယ်။
အခုတလောမှာ ရုပ်ရှင်လော ကရဲ့ အပြောင်းအလဲကပွက် ပွက်ဆူနေတယ်။ တပည့်ကျော် မောင်ကြွက်နီ တောင် သူ့နာမည်ကို ခေတ်မီအောင် ကြွက်ခီလို့ ပြောင်းတဲ့အထိဖြစ်နေတယ်။ ဒီ တော့ ရုပ်ရှင်လောကကြီး တကယ် ပြောင်းတော့မှာလား။ ကိုယ့်ကား ကိုယ်ရုံထဲလူဝင်အောင် သူ့ဘက် ငါ့ဘက်အပုပ်ချနေတဲ့ ဗလောင်း ဗလဲတွေလားဆိုတာ စောင့်ကြည့် ရဦးမှာပေါ့။ နောက်တစ်ခုက တော့ အခုတလော လွှတ်တော် အမတ်တချို့က ဆိုရှယ်မီဒီယာ ပေါ်မှာ သူတို့ရဲ့ အိမ်စုတ်တွေ ရိုက်ပြီးတင်တာတွေ့ရတယ်။ ရိုးသားတာကို ပြချင်ရင် တခြား နည်းနဲ့ပြလို့ရတယ်။ အခုဟာက မျက်ရည်ချူတာလား ဘာလား တော့ မသိဘူး။
သူ့ပုံအောက်မှာ ၀ိုင်းသမထား လိုက်တာ ရစရာ မရှိဘူး။ ရိုးသားလို့ ပြည်သူက ရွေးလိုက်တဲ့အတွက် အမတ်ဖြစ် နေပြီပဲ။ ရိုးသားတာပြစရာမလို တော့ဘဲ အမတ်နဲ့ထိုက်တန်တဲ့ စွမ်းရည်ကို ပြရတော့မယ့်အချိန် လေ။ ပြီးတော့ ကိုယ်ရိုးသားတယ် ဆိုတာက ကိုယ့်ဟာကိုယ် ပြော စရာမလိုဘူးထင်တာပဲ။ သတိ္တ ရှိတာရယ်၊ ရိုးသားတာရယ်က အများက သတ်မှတ် ပေးကြတာ မဟုတ်ပေလားဗျာ။ အခုတော့ မျက်နှာမရခြေထောက်ရဖြစ်ပြီး မင်းက အမတ်ဆိုတော့ တစ်လ ဆယ်သိန်းရတယ်။ လစာနှစ် သိန်းရတဲ့ ငါ့အိမ်တောင်မင်းထက် သပ်ရပ်တယ်တို့၊ ငါ့အမေမုဆိုးမ ကြီးတောင် မင်းအိမ်ထက် သပ် သပ်ရပ်ရပ်ရှိတယ်တို့နဲ့ အဆဲခံ ရတာပဲအဖတ်တင်တာပေါ့။ ဒါဟာ အပြောင်းအလဲလိုချင်နေ တဲ့ လူထုကို မျက်ရည်ချူပြီး ဗလောင်းဗလဲလုပ်ပြလိုက်တဲ့ အတွက်ရတဲ့အဖြေပဲလို့ မာဂျေ ကတော့ ထင်မိပါ တယ်။
ဝန်ကြီးဌာနတွေ ကြည့်ရင် လဲ နိုင်ငံတော်အတိုင်ပင်ခံကို လိမ်နေတဲ့ဌာနတွေက ခပ်များ များဗျ။ ပွင့်လင်းမြင်သာ မှုအတွက် သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့ပေးထားတယ်သာဆိုတယ်။ မေးလိုက်ရင် ဘာမှမရဘူး။ ရဲစ ခန်း တွေ ဖုန်းနံပါတ်တွေ တင်ထား ပေမယ့် အမှုကြီးတစ်ခုခုဖြစ်လို့ အဲဒီရဲစခန်းကို ဖုန်းဆက်လိုက်။ သေချာပေါက် မကိုင်ဘူး။ အပေါ် မှာသာ ပြောင်းလဲတယ် ပြောနေ ပေမယ့် အောက်ခြေကတော့ အရင်အတိုင်း ဗလောင်းဗလဲ လုပ်နေတုန်းပါ။ အစိုးရတင် ဒါတွေဆိုလည်း တင်ဒါစည်းကမ်း နဲ့မညီတာတွေ အတင်း အအောင် ပေး။ ဒီနေ့တင်ဒါဖောက်၊ နောက် နေ့ စာချုပ်ချုပ်နဲ့ လုပ်စားနေကြ တာတွေ အဂတိလိုက်စားမှုကော် မရှင်အထိ တိုင်ထားတာတွေ အများကြီးလို့ သိရတယ်။
စိတ်မဆိုးကြေးပြောမယ် ဗျာ။ အရင်အစိုးရလက်ထက်က ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် ရေးလို့ရတယ်။ အရေးယူတာ မရှိ ဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ မီဒီယာကရေးပြရင် ဟုတ်မဟုတ် စုံစမ်းတယ်။ ဟုတ်ရင် အရေးယူတယ်။ သူ့လူ သူ သက်သက်ညှာညှာပဲ ယူယူ၊ အရေးယူမှုကရှိတယ်။ ဒီအစိုး ရလက် ထက်ရောက်မှ အရေးယူ တာတွေ ပိုများလာတယ်။
မဟုတ်တာလုပ်တဲ့သူတွေကို ယူ တာမဟုတ်ဘူး။ မီဒီယာ သမား တွေကို အရေးယူတာ။ ဒါဟာ လူတွေကို ပါးစပ်ပိတ်ခိုင်း တာနဲ့ အတူတူပဲ။ ဟိုးအရင် စစ်အစိုး ရလက်ထက်တုန်းက မာဂျေက ဒုတိယ၀န်ကြီးချုပ် တစ်ယောက် ကို ကိစ္စတစ်ခုရဲ့ အဖြစ်မှန်ကို တင်ပြခဲ့ဖူး တယ်။ အဲဒီအချိန်မှာ ဒုတိယ၀န်ကြီးတစ်ပါးက ၀န်ကြီး ချုပ်ခင်ဗျား၊ ကိုမာဂျေက သူ သင်ဖူးတဲ့ စီးပွားရေး ပညာတွေနဲ့ တိုင်းထွာပြောနေတာပါ။ သူပြော တာမမှန်ပါဘူး။ ၀န်ကြီးချုပ်ကြီး အနေနဲ့ စီးပွားရေးပညာ မသင်ဖူး တာပဲရှိတယ်။
လုပ်ငန်း အတွေ့ အကြုံအရ စီးပွားရေးအရာမှာ ပါရဂူတစ်ဆူလို သိနေတဲ့အတွက် ၀န်ကြီး ချုပ်ကြီးပြော တာအမှန် ပါပဲဆိုပြီး ဘလိုင်းကြီး ၀င်ဖား တယ်။ အစည်းအဝေးလဲ ပြီးရော အဲဒီဒုတိယ၀န်ကြီးက မောင်မာဂျေရယ်မိုက်လိုက်တာ၊ ဘာလို့ တင်ပြရတာလဲ။ မင်းကြောင့် လူကြီးစိတ်ဆင်းရဲသွားတယ်တဲ့။ မာဂျေက အလိုက်ကန်း ဆိုးမသိ တဲ့သူဆိုတော့ လူကြီးစိတ် ဆင်းရဲ တာထက် တိုင်းပြည်ဘဏ္ဍာ တွေ ဆုံးရှုံးတာက ပိုအရေးမကြီး ဘူး လားလို့ အထွန့်တက်မိတာ အဲဒီဒုတိယ၀န်ကြီးဟာ သေတဲ့ အထိ မာဂျေ့ကို စကားမပြော တော့ဘူး။
အဲဒီဥပမာအတိုင်း ပြောရရင် အခုနိုင်ငံတော်အတိုင်ပင်ခံကိုလည်း အစိုးရလူကြီးမင်း တွေက ဗလောင်းဗလဲတွေ ပြော ပြီး ၀ိုင်းလိမ်နေကြသလားလို့ မာ ဂျေတွေးမိတယ်။ တွေးမိတာ ပြောတာနော်။ တော်ကြာအစိုးရ အသရေဖျက်မှုဆိုတာနဲ့ ညား နေမှာလဲ စိုးရသေးတယ်။ တွေး တာလေးတော့ ခွင့်လွှတ်ပေးကြ ပါဗျာ။
ချုပ်ရရင် ပြည်သူတွေက အပြောင်းအလဲကို လိုချင်လို့ မဲ ပေးလိုက်တာပါ။ အခုတော့ ဗလောင်းဗလဲ ပြောတာတွေ လုပ် တာတွေ မြင်နေရတော့ လူတွေ စိတ်မသက်မသာခံစားနေရတယ်။ ခြောက်လကြာရင် ပျံတက်မယ် ဆိုတဲ့ စီးပွားရေးဂျက် လေယာဉ် ကြီးလဲ ဆီမရှိလို့လား၊ ဘီးမရှိလို့ လား ခုထိမြေကြီးက မကြွသေး ဘူး။ ဒီကြားထဲ ဒေသဆိုင်ရာအစိုး ရတွေလည်း လူတွေ စီးပွားရေး အခွင့်အလမ်းတိုးတက်အောင် လုပ်ပေးဖို့ထက် နေရာတကာ သူချည်းဝင်ပါပြီး စီးပွားရှာချင် နေတယ်။ ဒါကြောင့် သူဌေးတွေ လဲ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အလုပ်လုပ်ရလွယ်တဲ့ ကမ္ဘောဒီး ယားလို၊ စင်ကာပူလိုနိုင်ငံတွေကို တိုးတိုးတိတ်တိတ်ရွှေ့နေကြပြီ။
ဒါကြောင့် အခုရွေးချယ် တင် မြှောက်ခံရတဲ့ သမ္မတကြီး အနေနဲ့ ဗလောင်းဗလဲပြောသူတွေ၊ မျက် ရည်ချူနေသူတွေကို နာရင်းနာ နာရိုက်ပြီးတိုင်းပြည် အမှန်တိုး တက်မယ့် အပြောင်းအလဲများကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်ခင်ဗျား။
Category:
No comments:
Post a Comment