Sunday, May 27, 2018

ကချင်ပြည်နယ် ဖားကန့်လမ်း မြန်မာအစိုးရတပ် စခန်း ၂ခုမှ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆို

ကန်ပိုင်တီလမ်း မြန်မာအစိုးရ စစ်သားများယနေ့ မေ ၂၇၊ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ကချင်ပြည်နယ် ဖားကန့်လမ်း မြန်မာအစိုးရတပ် စခန်း ၂ခုမှ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆိုသည်။

ညနေ ၄ နာရီခန့်က Kahtan Yang ကျေးရွာ ဖုန်း microwave တောင် စခန်း မှ Lai Nawng Hku (လိုင်နှောင်းခူး) ဘက်ကို လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ၁လုံး ကျေးရွာ ရပ်ကွက် ၁ လူသွားလမ်းပေါ် ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံ တဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ညနေ ၅နာရီခန့်မှာလည်း မိုးကောင်းမြို့ နယ် Namsheng Bum (နန်ဟိုင်းတောင်) နှင့် Hka San Bum (စီတုံတောင်) ဘက်ကို ဆောင်းခါးကျေးရွာအနီး Laika Galai (စာပို့) စခန်း မှ လက်နက်ကြီး အကြိမ် များစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

‘ကချင် လွတ်လပ်ရေး တပ်မတော် KIA ရှိသည်’ ဟု ယူဆပြီး ပစ်ခတ်ပုံ ထင်ရကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

ယခုလို မြန်မာအစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများ ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

Kachin News Group

No comments:

Post a Comment