Thursday, September 29, 2016

ရှစ်တန်းကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို ယခင်ကျူးလွန်ဖူးခြင်းရှိ မရှိ စစ်ဆေး

ဖိုးတုတ်

စွပ်စွဲခံထားရသည့် ကျောင်းဆရာရန်နိုင် (ဓာတ်ပုံ − နေဘုန်းမြင့်)

 ဧရာဝတီတိုင်း ကျိုက် လတ်မြို့နယ် ရွှေညောင်ပင်ကျေး ရွာ အလက(ခွဲ)ကျောင်းတွင် အဌမတန်းကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းဆရာ ကို ယခင် တာဝန်ထမ်းဆောင်ခဲ့ သည့် ကျောင်း၌ ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးနေကြောင်း ကျိုက်လတ်ရဲစခန်းမှ ဒုရဲမှူးထင်အောင်ကပြောကြား သည်။

 ‘‘ကလေးနှစ်ယောက်က မိဘတွေကိုပြောပြမှ မိဘတွေက သိပြီးလာတိုင်တာပါ။ သူကိုယ် တိုင်ပြစ်မှုကျူးလွန်တယ်လို့ ၀န်ခံ ထားပါတယ်။ အရင်တာဝန်ထမ်း ဆောင်ခဲ့တဲ့ မူလတန်းကျောင်းမှာ လည်း အလားတူကျူးလွန်မှုရှိ၊ မ ရှိ စစ်ဆေးနေပါတယ်။ ကျောင်း ဆရာ ဇာတိကတော့ မအူပင်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာနေပါ တယ်’’ဟု ရဲအရာရှိကဆိုသည်။

 အသက် (၃၆)နှစ်အရွယ် ကျောင်းဆရာ ရန်နိုင်သည် (၁၅) နှစ်အရွယ် ကျောင်းသူနှင့် (၁၄) နှစ်အရွယ် ကျောင်းသူနှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လများတွင် စာသင်ကျောင်းအတွင်း သားမယားပြုကျင့်ခဲ့ပြီး ကျောင်းသူနှစ်ဦးက မိဘများထံ ပြောပြခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။

‘‘အမှုဖြစ်ပွားခဲ့တာကိုတော့ ကျွန်တော်တို့ ကြားသိထားပါ တယ်။ အခုကတော့ လွှတ်တော် တက်နေရတဲ့အတွက် သေချာ တော့ မသိသေးပါဘူး။ ကျိုက် လတ်ပြန်ရောက်ရင် ဒီအမှုကို အမှန်အတိုင်းဖြစ်အောင် လုပ် ဆောင်ပေးမှာပါ။ တရားဥပဒေအ တိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ကူညီပေးမှာပါ’’ဟု ကျိုက်လတ် မြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း လှိုင်ကပြောသည်။

 အဆိုပါ ကျောင်းဆရာသည် အသက်(၁၅)နှစ်အရွယ် ကျောင်းသူအား အချိန်ပိုသင်ကြားပေးချိန်တွင် အခြားကျောင်းသား၊ ကျောင်းသူများကို စာကျက်ခိုင်းပြီးနောက် အခြားစာသင်ခန်းအတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ငါးကြိမ်ပြုကျင့်ခဲ့ ကြောင်း ဒုရဲမှူးထင်အောင်က ပြောသည်။

‘‘ကျောင်းသူ နောက်တစ် ယောက်ကျတော့ ပြန်ရင်တစ်ရွာ တည်းပြန်တယ်။ ကျောင်းဆင်းချိန် စာသင်ခန်းထဲမှာခေါ်ပြီး သားမယားပြုကျင့်တယ်။ သူ့ကိုတော့ သုံးကြိမ်ပြုကျင့်တယ်လို့ သိရ တယ်။ ကလေးတွေက အိမ်မှာ မိဘတွေကို သူတို့ကို အခုလိုလုပ် တဲ့ ဆရာဆီမှာ စာမသင်ချင်ဘူး ပြောရာကနေ သိရတာပါ’’ဟု အထက်ပါ ရဲအရာရှိကပြောသည်။

ကျောင်းသူနှစ်ဦးကို သားမ ယားပြုကျင့်သူ ကျောင်းဆရာ ရန် နိုင်သည် ရွှေညောင်ပင် အလက (ခွဲ)ကျောင်းတွင် သမိုင်းဘာသာ ရပ် သင်ကြားသူဖြစ်ပြီး စက်တင် ဘာ ၂၇ ရက် ညနေ ၄ နာရီကျော် တွင် ၎င်းနေထိုင်သည့်ကျေးရွာအ တွင်း နေအိမ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ၂၀၀၅-၂၀၀၆ က စတင်၍ မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်မြို့နယ် ရေနုတ် ချောင်းကျောင်း၊ ဂင်္ဂါးကျောင်း၊ ကျိုက်လတ်မြို့နယ် ရွှေညောင်ပင် အလက(ခွဲ)တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းကို ကျောင်းသူနှစ်ဦး၏ မိဘများက တိုင်ကြားခဲ့ပြီး ကျိုက်လတ်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် စစ်ဆေးနေသည်။

No comments:

Post a Comment