Wednesday, September 7, 2016

လှိုင်သာယာမှာ နယ်ထိန်းရဲ တစ်ဦး အသတ်ခံရ

လှိုင်သာယာမှာ နယ်ထိန်းရဲ တစ်ဦး အသတ်ခံရ


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ် အမှတ် ၆ ရပ်ကွက် နဝဒေးဉယာဉ် အိမ်ယာရှေ့  ဗစ်တိုးရီးယားကုန်တိုက်အနီး 8.9.2016 စက်တင်ဘာလ (၈)ရက်နေ့ နံနက် ၀၀၂၀အချိန် မသင်ကာဖွယ် လူလေးဦးရှိကြောင်း သတင်းအရ လှည်ကင်း ဆောင်ရွက်နေသော နယ်မြေလုံခြုံရေး ရဲတပ်ဖွဲမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

 အဆိုပါလေးဦးအနက် စန်းလင်းအောင်ဆိုသူမှ ဓားဖြင့်ထိုးသောကြောင့် နယ်ထိန်းဒုတပ်ကြပ် ရဲသီဟ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ ရရှိပြီး လှိုင်သာယာဆေးရုံးမှ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ ပါသည်။

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် တရားခံလေးဦးလုံး ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။

Ko Phyo

No comments:

Post a Comment