Sunday, October 16, 2016

ချင်းတွင်းမြစ် ကနီဆိပ်ကမ်းတွင် အမျိုးသမီးအလောင်း ၅ လောင်းတွေ့ရှိ

By ဒီဗွီဘီ 17 October 2016

ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ အမျိုးသမီးအလောင်း ၅ လောင်းကို အောက်တိုဘာလ ၁၇ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးအလောင်းတွေဟာ အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းများ ဖြစ်ကြောင်း သိရပါတယ်။

လတ်တလော ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက နောက်ထပ် မျောပါလာမယ့် အလောင်းများကို လိုက်လံဆယ်ယူနေရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က ဟုမ္မလင်းကနေ မုံရွာကို ခုတ်မောင်းတဲ့ အေးငြိမ်းချမ်းသာ အမြန်ယာဉ်လိုင်းက လူ ၃၀၀ ကျော် စီးနင်းလိုက်ပါလာတဲ့ အောင်စိုးကျော်-၂ အမည်ရှိ အမြန်ရေယာဉ်ဟာ ကနီမြို့နယ်တွင်း မိကျောင်းတွင်းကျေးရွာအနီးမှာ တိမ်းမှောက်မှုကြောင့် လူ ၁၅၈ ယောက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူ ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။

သတင်း – ရန်နိုင်စိုး

No comments:

Post a Comment