အတ်တာပရာဒက်ရှ် အောက်တိုဘာ ၁၆
အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ်ပြည်နယ်တွင် ကျင်းပခဲ့သော ဘာသာရေးအခမ်းအနားတစ်ခုတွင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့်ပြေးလွှားမှုများပြုလုပ်ရာ မှတစ်ဆင့် လူနင်းခံရသောကြောင့် သေဆုံးသူ ၂၄ဦး ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
အတ်တာပရာဒက်ရှ်ပြည်နယ်အတွင်း၌ ကျင်းပခဲ့ သောဟိန္ဒူဘာသာရေးပွဲတော်တစ်ခုတွင် အဆိုပါဖြစ် စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘာသာရေးပွဲတော်ကျင်းပ သည့်နေရာသို့သွားရောက်သည့်လမ်းပေါ်ရှိတံတားတစ် စင်းကျိုးကျတော့မည်ဟု ကောလာဟလများထွက် ပေါ်လာကာကြောက်လန့်တကြားပြေးလွှားမှုများပြုလုပ် ခဲ့ခြင်းကြောင့် လဲပြိုကျသူများကို တက်နင်းမိကာ သေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဒဏ် ရာရရှိသူဦးရေမှာလည်း ၂ဝ ကျော်ခန့်ရှိခဲ့ပြီး စိုးရိမ်ရ သည့်အနေအထားမျိုးရှိသောကြောင့် အရေးပေါ်ကုသ မှုများ ပြုလုပ်ပေးနေရသည်ဟု အတ်တာပရာဒက်ရှ် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့သည်။
သေ ဆုံးသူများထဲတွင် ၁၉ ဦးမှာ အမျိုးသမီးများဖြစ်ပြီး လဲပြိုကျစဉ်အတွင်းပြန်ထရန်ကြိုးပမ်းရာတွင်ပွယောင်း နေသည့်အဝတ်အစားများကြောင့် ပြန်ထမရဘဲလူနင်း ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။
NG(Ref; BBC)
The Union Daily
No comments:
Post a Comment