(ပုံစာ- မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်) ဓာတ်ပုံ_AFPဒေသခံတိုင်းရင်းသားများအနေဖြင့် နေရပ်စွန့်ခွာခြင်း မပြုလုပ်ရန်နှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက အစွမ်းကုန် ကာကွယ်မည်ဖြစ်ကြောင်း မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ (အောက်တိုဘာလ ၁၇ရက်)တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဒေသခံ တိုင်းရင်းသား နယ်မြေကို စွန့်ခွာသွားပါက အခြားသူများက ၀င်ရောက်နေထိုင်သွားမည်ကို စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။
“ဒီမှာရှိတဲ့ တိုင်းရင်းသားတွေ ဆက်နေပါ။ ငါတို့ ကာကွယ်ပေးမယ်။ ငါတို့ရဲတွေက ကာကွယ်ပေးမယ်။ တပ်မတော်က ကာကွယ်ပေးမယ်။ တတ်နိုင်သမျှ ဒီနယ်မြေကနေ စွန့်ခွာမသွားဖို့ ပြောချင်တယ်။ ငါကိုယ်တိုင် ဆင်းမယ်။ ခုလည်း ရွာတွေကို ဆင်းနေတယ်။”ဟု ၎င်းက ဆိုသည်။
၎င်းကိုယ်တိုင် တိုက်ခိုက်ခံရသည့် နေရာများသို့ သွားရောက်မည်ဖြစ်ပြီး ပထမဦးဆုံး တိုက်ခိုက်ခံရသည့် ကျီးကန်းပြင်ဌာနချုပ်တွင်ပါ ကွပ်ကဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပါသွားသော လက်နက်များကြောင့် ထိခိုက်လောက်သည့် အခြေအနေမရှိသော်လည်း လက်နက်များကို မရရအောင် ပြန်လည်ရယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သူတို့ဆီ ပါသွားတယ်ဆိုတာ တချို့ သေနတ်ပါသွားတယ်။ တချို့ ကျည်မပါသွားဘူး။ တချို့ ကျည်ပါသွားတယ်။ အဲဒီသေနတ်တော့ မပါသွားဘူး။ အဲဒီတော့ သူတို့မှာ ရသွားတာ အကျိုးအမြတ် ဖြစ်တာ တစ်ခုမှ မရှိဘူး။ သို့သော်လည်း ဒီလက်နက်တွေ မရလို့တော့ မဖြစ်ဘူး”ဟု ၎င်းက ဆိုသည်။
သဇင်လှိုင်
SKY Land News & Entertainment Media
No comments:
Post a Comment