By
ကျီးကန်းပြင်ဌာနချုပ်အနီးရှိ ဝက်ပစ်ရွာကို နယ်မြေရှင်းလင်းပြီးနောက် ဖြို့ဖျက်ထားသည့် ခြံစည်းရိုးများအား တွေ့ရစဉ်(ဓာတ်ပုံ−စိုင်းဇော်)
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ်ဒေသတွင် အလုံပိတ်ထား သည့် ခြံစည်းရိုးများကို လုံခြုံရေး အခြေအနေအရ ရှင်းလင်းဖယ် ရှားခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ အလုံပိတ်ခြံစည်း ရိုးများကို ရှင်းလင်းပြီး လူမြင်နိုင် သည့် ခြံစည်းရိုး (မျက်ကွင်းထရံ) များဖြင့် အစားထိုးကာရံခွင့် ပြု ထားကြောင်း အမှတ်(၁) နယ် ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရဆန်း လွင်က ပြောသည်။
‘‘အကြမ်းဖက်မှု ဖြစ်စဉ်မှာ သူတို့ ဘင်္ဂါလီတွေရဲ့ အလေ့အ ထအရ ခြံစည်းရိုးတွေကို အလုံ ပိတ်ဆောင်ရွက်ထားတဲ့အတွက် ကျွန်တော်တို့ အပြင်ကကြည့်ရင် ဘာမှမမြင်ရပါဘူး။ လုံခြုံရေး အန္တရာယ်ရှိတဲ့အတွက် ကျွန်တော် တို့တပ်ဖွဲ့ဝင်တွေရဲ့တာဝန်ထမ်း ဆောင်တဲ့နေရာမှာ တပ်ဖွဲ့ဝင် တွေကို အန္တရာယ်မပြုနိုင်ဖို့ ရွာ တွေမှာ ခြံစည်းရိုးအလုံပိတ် ကာ ထားတာတွေကို ကျွန်တော်တို့ ရှင်းလင်းဖယ်ရှား၊ တချို့ ပြီးပါပြီ။ တချို့ဆောင်ရွက်ဆဲ ဖြစ်ပါတယ်’’ ဟု ရဲမှူးချုပ်က ပြောသည်။
ယင်းသို့အလုံပိတ်ထား သည့် ခြံစည်းရိုးများကို ရှင်းလင်း ဖယ်ရှားရန် ဆောင်ရွက်နေသော်လည်း အုတ်တံတိုင်းကာရံထားသည့် နေအိမ်များနှင့် သံဖြူများကာရံထားသည့် နေအိမ်များက ရှင်းလင်းဖယ်ရှားမှု မရှိသေးသည်ကြောင်းမြို့ခံတစ်ဦးက ပြောသည်။
‘‘အလုံပိတ်ခြံစည်းရိုး ကာရံ တာတွေကို ရှင်းလင်းခြင်းနဲ့အတူ ကားတွေမှာ စတစ်ကာအမည်းကပ်ထားတာတွေကိုလည်း ပြန်ခွာပေးဖို့ ပြောချင်ပါတယ်။ လုံခြုံရေး အရ လုံးဝမဖြစ်သင့်ပါဘူး’’ဟု အထက်ပါမြို့ခံက ပြောသည်။
အောက်တိုဘာ ၉ ရက် မောင်တောအကြမ်းဖက်တိုက် ခိုက်မှု ဖြစ်ပွားပြီးနောက် ပြောင် ပစ်ကျေးရွာတွင် နယ်မြေရှင်းလင်း သည့် တပ်မတော်သားများကို အ လုံပိတ်ထားသည့် နေရာများက တိုက်ခိုက်သဖြင့် တပ်မတော်သား ငါးဦး ကျဆုံးခဲ့ရသည်။
No comments:
Post a Comment