ရခိုင်ပြည်နယ် မအီမြို့ရှိ ဇာတ်ပွဲဖျော်ဖြေနေစဉ် ရန်ပွဲတစ်ခုအားဟန့်တားရာမှ ရဲသားတစ်ဦးဓားထိုးခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သံသယရှိသူ တရားခံကို ဖမ်းဆီးရမိထားကြောင်း မအီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“သေဆုံးသွားတာက ဟုပ်ပါတယ်။ ရိုးရိုးရဲတပ်သား တစ်ဦးသေဆုံးသွားတာပါ” ဟုတောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၂၀)ရက်နေ့က မအီမြို့အမှတ်(၃)ရပ်ကွက်အတွင်း မိုးထက်ကြယ်စင် ဇာတ်သဘင် စတိတ်ရှိုးဖျော်ဖြေနေစဉ် ကခုန်ရာမှလူ ငယ်အုပ်စုနှစ်ခုကြား ထိမိတိုက်မိမှုကို အကြောင်းပြုပြီး အုပ်စုဖွဲ့ခိုက်ရန် ဖြစ်ပွားမှုအား ရဲတပ်သားတစ်ဦးမှ ၀င်ရောက် ဟန့်တားဖျောင်းဖြရာမှ လူငယ်တစ်ဦးမှအသင့် ယူဆောင်လာ သည့် ၅ လက်မအရှည်ရှိဓါးမြှောင်ဖြင့် ရဲတပ်သား၏လည်ပင်းအား ထိုးလိုက်ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။
“မူးယစ်သေစား သောက်စားပြီးတစ်ဖွဲ့မှာ လူ(၁၀) ယောက် ကျော်နဲ့ နောက်တစ်ဖွဲ့မှာ ကလူ(၂၀) ၀န်း ကျင်လောက်ရှိမယ်ထင်ပါတယ်။ ဇာတ်ပွဲ စတိတ်ရှိုးက မြူးမြူကြွကြွ ဖျော်ဖြေနေစဉ်မှာပဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အုပ်စု လိုက်ရိုက်နှက်ကြတယ်။ အဲရဲသားမှာ တာဝန်မရှိပေမ ရဲရဲ့လုပ်ငန်းစဉ် အသိစိတ်ဖြင့် ဟန့်တားရာမှ ဓါးထိုး ခံရတာ ဖြစ်ပါတယ်”ဟု ဓါးထိုးမှုဖြစ်စဉ်၏ မျက်မြင်သက်သေဖြစ်သူ မအီမြို့အမှတ်(၄)ရပ်ကွက်မှ ဦးဖိုးနီက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မအီမြို့နယ်ရဲစခန်းမှ တရားခံမောင်အောင်အောင်သိန်း(၁၉)နှစ်(ဘ)ဦး စံရွှေသိန်းအား ဖမ်းဆီးထားပြီးရဲတပ်သား၏ဖခင်ဦးထွန်းတင်မှ တရားလိုပြုလုပ်ကာ မအီမြို့မရဲစခန်းမှ (ပ)၆/၂၀၁၇ရာဇသတ်ကြီးပုဒ်မ(၃၀၂) အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
No comments:
Post a Comment