Friday, February 16, 2018

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ရှိ သိမ်းဆည်းရမိ

Posted: February 17, 2018

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ မူးယစ် ဆေးဝါးချက် လုပ်သူများ နေထိုင်ခဲ့သည့် တဲ ၁၅ လုံး၊ REEZER သုံးလုံး၊ မီးစက်ကြီး သုံးလုံး၊ ဆီနှင့် အက်စစ်များ ထည့်ထားသည့် ပီပါ ၅၀ လုံး၊ အက်စစ်ပုံး ၃၀ လုံး၊ ဘိန်းချက်ရာတွင်အသုံးပြုသည့် ဖန်ပေါင်းအိုး ငါးလုံး၊ ဂက်စ်အိုးကြီး ၁၀ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား တစ်လုံးနှင့် ပြောက်ကျားယူနီဖောင်း ၁၅ စုံတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအား ကွတ်ခိုင်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

The Ladies News

No comments:

Post a Comment