Friday, February 16, 2018

မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Posted: February 17, 2018

မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြဝတီမြို့နယ် သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ရွာသစ် ၉ဝ၇ ဝင်းအနီးနေ ကျော်နိုင် ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၇၄ ပြား၊ ပြောင်းချော သေနတ် နှစ်လက်၊ ၉ လုံးကျည် ကိုးတောင့်၊ ပွိုင့် ၃ဝ ကျည် ၁၄ တောင့် နှင့် မော်တော်ယာဉ်တစ်စီးတို့ကို လည်းကောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၂ နာရီတွင် မြဝတီမြို့ အမှတ်(၂) ရပ်ကွက် စိန်သရဖူ (၂)လမ်းနေ ဧည့်သည်(ခ)ကြက်ကုလား၏နေအိမ် ကို ရှာဖွေရာ အေးနိုင်(ခ)သံပိုက်အား တွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၂၁၈ဝဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မူးယစ်တပ်ဖွဲ့စု (၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့ နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းတွင် နိုင်ဦးမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၆ဝဝ နှင့် ငွေကျပ် ၁ဝ သိန်းတို့ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ကသာမြို့နယ် လမ်းခွ ကျေးရွာ မီးရထားသံလမ်းကူးအနီး တွင် ကျော်လင်းထွန်း(ခ)ဖိုးတုတ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝဝ ကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲ က မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့နယ် နောင်ပီ-ဖယ်ခုံကားလမ်း မိုးဦး ကျေးရွာအဝင်၌ အုန်းဖေ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက တပ်မတော်နှင့် ဘုရားသုံးဆူနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူမြို့ အမှတ်(၂)ရပ်ကွက် ဥဒေါင်း ကန်(၄)လမ်းနေ မြစန္ဒာဝင်း ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၄၁ ပြား၊ အိုက်စ် ၃ ဒသမ ၆၅ ဂရမ်၊ ငွေကျပ် ၇ဝဝဝ နှင့် ထိုင်း ဘတ် ၃၁၆ဝ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

The Ladies News

No comments:

Post a Comment