Wednesday, February 21, 2018

အကျင့်ပျက်ခြစားမှုစာရင်း ထုတ်ပြန်ခဲ့ရာမှ မြန်မာနိုင်ငံက အဆင့် ၁၃၀ မှာရှိဟုဆို

Transparency International ထရန်ပဲရန်စီ အင်တာနယ်ရှင်နယ် ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ၂ဝ၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက အမှတ် ၃ဝ ရရှိပြီး ကမ္ဘာ့နိုင်ငံ ၁၈ဝ အနက် အဆင့် ၁၃ဝ မှာ ရှိပါတယ်။ ပြီးခဲ့တဲ့၂ဝ၁၆ နှစ်က အဆင့် ၁၃၆ ဖြစ်တဲ့အတွက် အနည်းငယ် မြင့်တက်လာတယ် လို့ ဆိုနိုင်ပါတယ်။

အခုနှစ် စာရင်းမှာ အဆင့် ၁ ဖြစ်တဲ့ နယူးဇီလန်က အမှတ် ၈၉ နဲ့ ခြစားမှုအနည်းဆုံးဖြစ်ပြီး ဒုတိယက အမှတ် ၈၈ ရတဲ့ ဒိန်းမတ်နိုင်ငံဖြစ်ကာ စင်္ကာပူနဲ့ ဆွီဒင်နိုင်ငံ ၂ ခုက ၈၄ မှတ်နဲ့ အဆင့် ၆ မှာရှိပါတယ်။

တရုတ်ပြည်က ၄၁ မှတ်နဲ့ အဆင့် ၇၇ ၊ ထိုင်းနိုင်ငံက ၃၇ မှတ်နဲ့ အဆင့် ၉၆၊ မြောက်ကိုရီးယားက ၁၇ မှတ်နဲ့ အဆင့် ၁၇၁ စသဖြင့် ဖေါ်ပြထားပါတယ်။ အဆိုးဝါးဆုံး အဆင့် ၁ဂဝ ဖြစ်တဲ့ ဆိုမာလီယာက အမှတ် ၉ မှတ်ပဲ ရရှိပါတယ်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ ၂ဝ၁၇ အစီရင်ခံစာမှာ အကျင့်ပျက်ခြစားမှုများတဲ့ နိုင်ငံတွေက စာနယ်ဇင်း သမားတွေ အန္တရာယ်အင်မတန်များပြားကြောင်းလည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းထောက် ၁ဝ ဦးမှာ ၉ ဦးဟာ ခြစားမှုများပြားတဲ့နိုင်ငံတွေမှာ အသတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment