Wednesday, February 21, 2018

ရိုးမဘဏ်၌ ယနေ့ ညနေပိုင်းက ဗုံး ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရ


လားရှိုး ဖေဖေါ်ဝါရီ ၂၁

ရှမ်းပြည်နယ် လားရှိုးမြို့ အမှတ်(၃)ရပ်ကွက် ၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်၌ ယနေ့ ညနေပိုင်းက ဗုံး ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ရိုးမဘဏ်၌ ညနေ ၄ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်အတွင်း ပိုင်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ကပ်လျက်ရှိ ဧရာဝတီဘဏ်တွင်လည်း ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အတူ မျက်နှာချင်းဆိုင်ရှိ ပြည်နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနရုံး မှန်များ ကွဲကြေခဲ့ကြောင်း၊ ၎င်းအပြင် လမ်းမတော် လမ်းမ ဘေး၌ ရပ်ထားသော ကားမှန်များလည်း ကွဲကြေခဲ့ပြီး ဘဏ်အတွင်းရှိ အမျိုးသား ငါးဦး၊ အမျိုးသမီး ၈ ဦး ပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဒဏ်ရာရရှိသူများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကုသ လျက်ရှိပြီး ၎င်းတို့အနက် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း၊ အခင်းဖြစ် ပွားရာ နေရာသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိ သူများ စစ်ဆေးကြည့်ရှုလျက် ရှိကြောင်း နှင့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

ခရိုင် ( ပြန်/ဆက် )
MOI Webportal Myanmar

No comments:

Post a Comment