အမရပူရမြို့နယ် စစ်ကိုင်း - မန္တလေး ကားလမ်းဘေးရှိ ကောင်းကင်ပြာ ဘီယာဆိုင်တွင် လူငယ်နှစ်ဖွဲ့ အငြင်းပွားရင်း လူသတ်မှု့ ဖြစ်။
ဓါတ်ပုံ - သီရိဆင်ကာ လူမှု့ကူညီရေးအသင်း
ဖေဖေါ်ဝါရီ ၁၉ ။
မန္တလေး အမရပူရမြိုနယ်၊ ကျန်တန်းရပ်ကွက်ရှိ မန္တလေး-စစ်ကိုင်းလမ်းပေါ် ကောင်းကင်ပြာဘီယာ ဆိုင်တွင် ဖေဖေါ်ဝါရီ ၁၈ ရက် ည ၁၁ နာရီခန့််က ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့မှုရုံးမှ သိရသည်။
သေဆုံးခဲ့သူမှာ ကိုမောင်မောင်(၂၈)နှစ်ဖြစ်၍ အခင်းဖြစ်နေရာတွင် ၀ဲဘက် ရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ရပြီး ကျူးလွန်သူများမှာ ထွက်ပြေး လွတ်မြောက်နေကြောင်းသိရသည်။
အမရပူရမြို့နယ် စစ်ကိုင်း - မန္တလေး ကားလမ်းဘေးရှိ ကောင်းကင်ပြာ ဘီယာဆိုင်တွင် လူငယ်နှစ်ဖွဲ့ အငြင်းပွားရင်း လူသတ်မှု့ ဖြစ်။ ဓါတ်ပုံ - သီရိဆင်ကာ လူမှု့ကူညီရေးအသင်း “အမှုဖြစ်တာက အရက်သေစာသောက်စားပြီး မူးနေကြတော့ အမှားအမှန် မခွဲခြားနိုင်ကြတော့ဘဲ ဖြစ်သွားတယ်။ဒေါသအလျောက် ဖြစ်ခဲ့ကြတာလို့ ယူဆပါတယ်။တရားခံ ဖမ်းဆိးရမိရေ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းအမှုနှင့် ပတ်သတ်ပြီး သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ကိုဘိုဘို (၃၄) နှစ် က တရားလိုပြု လုပ်ပြီး အမရပူရမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။
Mandalay News
No comments:
Post a Comment