ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် လင် မယားချင်း စကားများ ရန်ဖြစ် ကာ ခင်ပွန်းက ဓါးနှင့်ခုတ် သ ဖြင့် ဇနီးဖြစ်သူ နေရာမှတင် သေဆုံးသွားခဲ့ရသော အမှုတစ်ခု လုံးရမ်းအုပ်စု ကျွဲကောပင်ကျေးရွာတွင် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်၌့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တောင်ကုန်းလေး ပေါ်၌ တည်ဆောက်ထားသောအိမ်တွင် ဆွေဦး ၃၁ နှစ် ဇနီး မစောမွန်လှ ၂၈ နှစ် သမီး မအေးမူ ၉ နှစ်တို့ မနက်စာ ထမင်းကြမ်းစားနေရင်း လင်မယားခြင်း ရန်ဖြစ် စကားများကာ မစောမွန်လှ က ခင်ပွန်းဖြစ်သူ ဆွေဦး အား ထမင်းပန်းကန်ဖြင့် ပေါက်ခဲ့သည် ဆွေးဦး က အနားရှိသည့် ကိုင်းခုတ်ဓါးနှင့် ၃ ချက်ခုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
"သမီးလုပ်သူက သားမက်ကိုနိုင်တယ် အရက်လဲ သောက်တယ် ရန်ဖြစ်ရင် သူကကြည့်လုပ်လို့ သား မက်က ထွက်ထွက်ပြေးရတာ ဒီတစ်ခါတော့ သူအလှည့် ဖြစ်သွားတာပေါ့""ဟု သေဆုံးသူ မစောမွန်လှ ၏ ဖခင် ဦးမျိုးဝင်း ကပြောကြားသည်။
ကိုလွင် (ဆွာ)
No comments:
Post a Comment