Saturday, February 17, 2018

 ငေါ့ငါးကျေးရွာအတွင်းရှိ နေအိမ်များ ကျဉ်ဆံထိမှန်

ဖေ​ဖော်​ဝါရီ ၁၇ရက်​၊ မားနဂါး၊ ကွက်​ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့တွင် ရွာနှင့် တစ်မိုင်နီးနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၆ရက်နေ့တွင် မိုင်းယုကျေးရွာသို့ ထွက်ပြေးနေစဉ်အတွင်း ငေါ့ငါးကျေးရွာအတွင်းရှိ နေအိမ်များ ကျဉ်ဆံထိမှန်ခဲ့ပြီး အိမ်အတွင်းတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ တွေ့ရှိခဲ့ကြောင်း ငေါ့ငါးကျေးရွာခံတွေက ပြောသည်။


ကျေးရွာသားတစ်ဦးဖြစ်သူ ကိုလှဝင်းက "လူတွေအားလုံးလိုလိုတော့ ပြန်လာကြပြီ။ ဒါမဲ့ ရွာမှာ အိမ်တွေလက်နက်တွေ ထိမှန်ကုန်တယ်။ အိမ်ခေါင်မိုးတွေမှာ အပေါက်တွေကြီးပဲ။ ပြီးတော့ မပေါက်သေးတဲ့ လက်နက်တွေလည်း တွေ့တယ်။ ပြီးတော့ ကုန်စုံဆိုင်တွေ ပစ္စည်းတွေ ယူသွားကြတယ်။ စရင်းတွေကတော့ ဘာမှမလုပ်ရသေးဘူး။ ခုထိလိုက်စစ်ဆေးနေတုန်းပဲ"ဟု ပြောသည်။


ငေါ့ငါးကျေးရွာသားများသည့် တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၆ရက်နေ့မှ ၁၄ရက်နေ့အထိ မိုင်းယုလေးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။

အလားတူ စစ်ဘေးရှောင်ထွက်ပြေးနေစဉ်များ နေအိမ်များ မီးရှို့ခံရပြီး အိမ်အများအပြား မွှေနှောက်ခြင်းကို နမ့်ဆန်မြို့နယ် ကြက်သေရွာတွင်လည်း ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့သည်။

Photo- ​ငေါ့ငါးကွာသားတစ်​ဦး
မိုင်းအနိုင်
Marnagar News Journal

No comments:

Post a Comment