Saturday, February 24, 2018

ဒီနှစ်ထဲရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ဂတိကို အချိန်ဆွဲတဲ့အတွက် ၀န်ကြီးချုပ်ကို လူလိမ်လို့သမုတ်ပြီး ဟစ်ကြွေးဆန္ဒပြ


ထိုင်းနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူ ၃၀၀ လောက်ဟာ နှာခေါင်းရှည်ထွက်နေတဲ့ ၀န်ကြီးချုပ် ပရာယုဒ်ချန်အိုချာမျက်နှာကာတွန်းရုပ် မျက်နှာဖုံးတွေမနေ့က တပ်ပြီး ဒီနှစ်ထဲရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ဂတိကို အချိန်ဆွဲတဲ့အတွက် ၀န်ကြီးချုပ်ကို လူလိမ်လို့သမုတ်ပြီး ဟစ်ကြွေးဆန္ဒပြကြပါတယ်။

ဗန်ကောက်မြို့မှာ ရှိတဲ့ Thammasat တက္ကသိုလ်မှာ စုဝေးကြပြီဲး့ Pinocchio ပုံပြင်ပါ လိမ်ညာ တိုင်း နှာခေါင်းရှည်ထွက်တာကို အစွဲပြုပြီး ပရာယုဒ်ချန်အိုချာ မျက်နှာနဲ့ ပင်နိုးကီအို နှာခေါင်းပုံပါတဲ့ မျက်နှာဖုံးတွေကိုဝတ်လည်းဝတ် လူတွေကို ဝေလည်းဝေကြပါတယ်။

၂၀၁၄ မှာ အာဏာသိမ်းပြီးချိန်ကစလို့ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရက ဂတိတွေပေးလိုက် ရက် ရွှေ့ဆိုင်းလိုက်လုပ်နေပြီး ဒီနှစ် နိုဝင်ဘာမှာ ကျင်းပမယ်လို့ နောက်ဆုံးပြောပြန်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေကို ပြီးခဲ့တဲ့လက ပြောင်းလိုက်တဲ့အတွက် နောက်နှစ်ဆန်းပိုင်းရောက်မှ ရွေးကောက်ပွဲကျင်းပတော့မယ့် လက္ခဏာရှိတာမို့ ထိုင်းနိုင်ငံတ၀န်း စစ်အစိုးရဆန့်ကျင်ရေး၊ ရွေးကောက်ပွဲကျင်းပရေး ဆန္ဒပြပွဲတွေ အရှိန်ရလာပါတယ်။

RFA Burmese

No comments:

Post a Comment