Wednesday, February 14, 2018

KIA ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၊ ဒေသခံတစ်ဦး ဒဏ်ရာရ

Posted: February 14, 2018

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၊ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နေ ဦးငွါးလေးသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် နန်းကွေ့ကျေးရွာရှိ ၎င်း၏နွားများအား သွားရောက်ယူဆောင်စဉ် ကျေးရွာ၏မြောက်ဘက် ၁၅ မိုင် ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက် ရှိသည်။ အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

The Ladies News

No comments:

Post a Comment