Saturday, April 7, 2018

လုယက်မှုဖြင့်အချုပ်ကျခံနေရသည့် အချုပ်သားသုံးဦးထွက်ပြေးခဲ့မှုဖြစ် ပွား


မလှိုင် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီးမန္တလေး မြို့ ချမ်းမြသာစည်မြို့နယ် မြို့နယ် တရားရုံးမှ ယမန်နေ့နံနက်ပိုင်းတွင် လုယက်မှုဖြင့်အချုပ်ကျခံနေရသည့် အချုပ်သားသုံးဦးထွက်ပြေးခဲ့မှုဖြစ် ပွားခဲ့ကြောင်းအခင်းဖြစ်ပွားခဲ့သည့် ဒေသခံပြည်သူများထံမှသိရသည်။

 လုယက်မှုဖြင့်အမှုရင်ဆိုင်နေရသည့် အချုပ်သားသုံးယောက်ကိုမန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)ကနေ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာ စည်မြို့နယ် တရားရုံးမှာ အမှုရင် ဆိုင်ရန် ယမန်နေ့နံနက် ၁ဝနာရီ ကျော်က ရုံးထုတ်လာစဉ် မြို့နယ် တရားရုံးအရောက် အချုပ်ကား ပေါ်မှ အဆင်းထွက်ပြေးသွားခဲ့ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးရာ တရားရုံးအနီး ဘုံကျော် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နှစ်ယောက်နှင့် ချမ်းမြသာစည်မြို့ နယ် လဝကရုံးရှေ့၌ တစ်ယောက် ကို ပြန်လည်ပြီး သုံးယောက်လုံးကို တာဝန်ကျ ရဲက ပြန်လည်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အချုပ်သားသုံးယောက်ကို အဆိုပါ နယ်မြေရဲစခန်း၌ စစ်ဆေးလျက်ရှိ ပြီး ထွက်ပြေးခဲ့သောအချုပ်သား သုံးယောက်ကိုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဟုသိရသည်။

ကျော်ကျော်(မလှိုင်)
The Union Daily

No comments:

Post a Comment