Saturday, April 7, 2018

ဗို့အား ၁၂၀၀၀ ရှိ ဓာတ်ကြိုးပြတ်ကျပြီး ရိုက်မိသဖြင့် သားအမိ ၂ ဦး ဓာတ်လိုက်သေဆုံး 


၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ၀၃၃၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သမိန်ထော သိမ်ကုန်း ကျေးရွာနေ ဒေါ်×××××(၄၀)နှစ်၏ ခြံဝင်းပေါ်မှ ဖြတ်သန်း၍ သွယ်တန်းထားသော ဗို့အား ၁၂၀၀၀ ရှိ ဓာတ်ကြိုးပြတ်ကျပြီး ရိုက်မိသဖြင့် သားအမိ ၂ ဦး ဓာတ်လိုက်သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 ဖျာပုံ-ကျုံကဒွန်း ဓာတ်အားလိုင်း ဓာတ်ကြိုး ၃ ချောင်းအနက် တစ်ချောင်းမှာ ထန်းပင်နှင့် ထိပြီးရှော့ဖြစ်ကာ မီးပွားများထွက်နေသဖြင့် ဒေါ်×××××မှ ၎င်း၏နေအိမ်ရှေ့သို့ ထွက်ကြည့်စဉ် ဓာတ်ကြိုးပြတ်ကျပြီး ၎င်း၏ခြေထောက်အား ရိုက်မိခဲ့၍ မှောက်လျက်အနေ အထားဖြင့် လဲကျကာ ဓာတ်ကြိုးပေါ်သို့ဖိမိသဖြင့် ဓါတ်လက်ကာ ခြေထောက်တွင် မီးလောင်ခဲ့နေ သောကြောင့် သားဖြစ်သူ ××××× (၁၂)နှစ်မှ ပြေးဆွဲခဲ့ရာ ၂ ဦးလုံး ဓာတ်လိုက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ၀၅၃၀ အချိန်တွင် အလောင်းများအား ဖျာပုံမြို့ ကနိတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ကျုံကဒွန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

No comments:

Post a Comment