ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ ဖြစ်နိုင်ခြေများ သည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဆရားမုံရွာအောင်ရှင်က The Ladies News သို့ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော် နှုတ်ထွက်သည့်နေ့မှာပင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်မြင့်သည်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာမှ နှုတ်ထွက်ကြောင်း ပြည်သူ့လွှတ်တော်က ကြေညာ ခဲ့သည်။ ထို့ကြောင့် လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတနေရာတွင် ဦးဝင်းမြင့် ဖြစ်လာနိုင်သည်ဟု နိုင်ငံတော်ရေး အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုနေကြသည်။
အဆိုပါ ထင်ကြေးပေး ခန့်မှန်းမှုများကို NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဆရာမုံရွာအောင်ရှင်က ငြင်းပယ်ခြင်းမရှိပေ။ ဦးဝင်းမြင့် သည် သမ္မတဖြစ်လာနိုင်သည်ဟု ၄င်းက The Ladies News သို့ ယခုလိုပြောကြားသည်။
`ဒီတိုင်းဆိုရင် ပိုပြီးတော့ ဖြစ်နိုင်ခြေ များပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးဝင်းမြင့်သည် ပါတီစကတည်းက ပါခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ပါတီပေါ်မှာ သစ္စာရှိတယ်။ နောက်တစ်ခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူချိန်တုန်းကလည်း ထက်ထက်မြက်မြက်နဲ့ တာဝန်ကို ကျေအောင်လုပ်နိုင်တယ်။ အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်တွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ညီလက်ညီ အလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သူ့သမိုင်းကြောင်းက ပြနေတာလေ။ အဲဒီတော့ ဦးဝင်းမြင့်ဖြစ်နိုင်ဖို့ ပိုများတယ်လို့ ပြောချင်ပါတယ်` ဟု ဆရာမုံရွာအောင်ရှင်က ပြောကြားသည်။
အောင်ရဲနောင်
The Ladies News
No comments:
Post a Comment